23

5.6K 270 5
                                    

💌 Part - 23 💌
---------------

"ဒီမှာအိပ်မယ်ဟုတ်လား"

ဖိုးချမ်းရဲ့အမေးကို သူ ခေါင်းညိတ်ပြလိုက်ရင်း တံခါးဝမှာပိတ်ထားသော ဒင်းကိုယ်လုံးကြီးကိုတွန်းဖယ်ပစ်လိုက်သည်။
ဒက်ဒီရော ကိုကိုပါ သူ့ကိုစောင့်ကြည့်နေ၍ သူ့အရိပ်အောက်မှာရှိနေသော မိုးမြေကို မိန်းမပျက်ဟုထင်နေမှာ သေချာသလောက်ရှိ၏။
မိုးမြေဟာ သာမာန်ထက်ငွေမက်နေသည့် ပြစ်ချက်ကလေးတစ်ခုမှအပ ပျက်စီးနေသောမိန်းမ မဟုတ်သလို ကိုယ့်ကြောင့်လည်းမပျက်စီးစေချင်။

"မင်းတစ်ယောက်တည်းက ကိစ္စမရှိဘူး ခစား.. မိုးမြေကဘယ်လိုလုပ်မလဲ"

"မင်းအခန်းပေးလိုက် မင်းတို့ငါတို့က ဧည့်ခန်းထွက်အိပ်လို့ရတယ်"

"ဟာ! မတရားသဖြင့်ကွာ"

"အေးလေ ကွန်ဒိုတစ်ခုလုံးကျပစ်ထားခဲ့ပြီး ငါတို့တိုက်ခန်းလေးကျမှ လာလုနေတာ"

"မင်းတို့မကျေနပ်ရင် အဲ့ဒီသွားနေကွာ ထွက်စမ်း.. ၁၂ထိုးတော့မယ် သူအိပ်ရဦးမယ်"

ဖိုးချမ်းရဲ့တိုက်ခန်းဟာ သူငယ်ချင်းတွေစုအိပ်နေကျမို့ ကိုယ့်အတွက်ကိစ္စမရှိပေမယ့် သူမအတွက်တော့ နည်းနည်းခက်ခဲလောက်သည်။
ဒက်ဒီတို့ သူမကိုသေချာမသိခင် ညတွင်းချင်း တိုက်ခန်းပြောင်းဖို့ဆိုတာလည်း မလွယ်သောကြောင့် သူမကို ဒီခေါ်လာခဲ့ကာမှ…

"မိုးမြေ လာလေ ငါတို့ကိုအားနာမနေနဲ့"

ဖိုးချမ်းတို့ကို အားနာနေပုံရသောသူမကို ဖိုးချမ်းကပဲ ဖော်ဖော်ရွေရွေလှမ်းခေါ်တော့ သူမက luggageလေးဆွဲကာ မရဲတရဲဖြင့် တိုက်ခန်းထဲဝင်လာ၏။
ဒီီတိုက်ခန်းဟာ စောစောကကွန်ဒိုလောက် မခမ်းနားပေမယ့် ဒီတစ်ညတော့ လုံခြုံမှာသေချာသည်။
ယောကျာ်းလေးတွေချည်းနေတာမို့ ဖြစ်သလိုထားသော ပစ္စည်းတွေ၊ တိုးလိုးတန်းလန်းဖြစ်နေသော အဝတ်တွေက နေရာအနှံ့မို့ ဒါတွေကိုအရင်ရှင်းပေးလိုက်သည်။
ပြီးမှ သူမကို ထိုအခန်းတံခါးအထိလိုက်ပို့ပေးရင်း…

"မနက်ဖြန် အိမ်အသစ်ကိုသွားမယ် ဒီညတော့ သည်းခံပေး"

"အင်းပါ"

မိုးမြေခစားWhere stories live. Discover now