51

5.7K 335 27
                                    

💌 Part - 51 💌
---------------

"မိုးမြေမရှိတော့ဘူး"

"ဘယ်လိုမရှိတာလဲ မင်းသေချာကြည့်ခဲ့ရဲ့လား သူလမ်းလျှောက်လို့မရသေးဘူးလေ"

"အေး.. ဆေးရုံကခိုးဆင်းသွားလို့ ဆရာဝန်တွေကတောင် ဒေါသဖြစ်နေကြတယ် အိမ်ကိုသွားရှာတော့လည်း သော့ခတ်ထားတယ်"

"တောက်!"

ကောင်းထက်၏စကားကြောင့် သူ တက်ခေါက်လိုက်မိကာ ဒါသည် သေချာပေါက် ဒက်ဒီ့လက်ချက်ဖြစ်ရမည်။
ချက်ချင်းထပြန်ချင်မိပေမယ့် မာမီက သူ့အကြောင်းသိနေ၍ ဒီမှာတမင်နေနေသောကြောင့် ထင်ရာစိုင်းဖို့လည်း မလွယ်ကူချေ။
မသွားနိုင်၊ မလာနိုင်ပါဘဲ ခြေရာဖျောက်သွားသည်ဆိုကတည်းက မိုးမြေ သူ့အပေါ်ဘယ်လောက်ထိမုန်းတီးသွားလို့လဲဟု မလိုလားသော အတွေးတွေပါဝင်လာခဲ့သည်။

သို့သော် သူမကိုရဖို့ ဘယ်နည်းနဲ့မှအလျှော့မပေးချင်သောကြောင့် မြန်မာပြည်မှာကိုယ်မရှိသည့်တိုင် သူမအတွက် လူလွှတ်ပေးထားမှဖြစ်မည်။
ထို့ကြောင့် မာမီ့အလစ်ကိုစောင့်ကာ ဦးလေးဆီဖုန်းဆက်လိုက်ပြီး ဦးလေးသည်သာ သူ့အတွက် အလုံခြုံဆုံးသတင်းဌာနတစ်ခုဖြစ်သည်။

"လူလေးပြောပါ"

"မိုးမြေဘယ်မှာလဲ"

"ကျွန်တော်မသိပါဘူး"

"ဒါဆို ဘာလို့ပျောက်သွားတာလဲ ဒက်ဒီဘာလုပ်လိုက်လို့လဲ"

"ဒုဥက္ကဌက မိန်းကလေးကို သိန်း၁၀၀တန်ချက်လက်မှတ်ပေးခဲ့တာပါ လူလေးနဲ့ဆက်မပတ်သက်ဖို့ကိုလည်း သေချာမှာခိုင်းခဲ့တာပါ"

"ကိုကိုကလား"

သူ့ရင်ထဲထိရှသွားပြီး ဘာကြောင့်မို့များ မိုးမြေကို ငွေစကားသာပြောချင်နေကြသလဲဟု နာနာကျင်ကျင်တွေးလိုက်မိသည်။
သူ့ကောင်မလေးငွေမက်တာ သူသိသလို ဘာကြောင့်မက်သလဲဟုပါ သိနေသောကြောင့် မိုးမြေဘယ်လောက်ထိ ဒေါသဖြစ်သွားမလဲ သူ ခန့်မှန်းမိသည်။
သူမဟာ မာနကြီးသူတစ်ယောက်မို့...

"မိုးမြေကို စုံစမ်းပေးပါ သူဘယ်မှာနေလဲ ဘာတွေလုပ်နေသလဲ"

"ဟုတ်ကဲ့"

မိုးမြေခစားWhere stories live. Discover now