22

6K 254 7
                                    

💌 Part - 22 💌
---------------

"မင်း မိန်းမတစ်ယောက်နဲ့ အတူတူ နေနေတယ်ဆို"

"ကျွန်တော့်ကိစ္စတွေစိတ်မဝင်စားပါနဲ့"

"မဝင်စားပါဘူး ဒါပေမယ့် မင်းက ဦးမင်းသီဟရဲ့သားအဖြစ် နာမည်တွင်နေတာကိုတော့ အခွင့်အရေးမယူနဲ့
ဘာလဲ မင်းက မင်းအမေလိုမျက်နှာများချင်တာလား"

"ဒက်ဒီ ကျွန်တော့်ကိုမကျေနပ်ရင် ကျွန်တော့်ကိုပဲပြော"

"မင်းကိုပဲပြောနေတာ မင်းသာမွေးမလာခဲ့ရင် ဒီအဖြစ်တွေကြောင့် ငါတို့တွေ စိတ်ဒုက္ခရောက်မှာမဟုတ်ဘူး"

"ဘာဗျ!"

"မင်းအဖေဘယ်သူလဲဆိုတာ ငါမသိသေးလို့ ပြီးတော့မင်းအမေကို ငါချစ်လွန်းလို့ မင်းဆိုတဲ့ကောင်ကို ငါလက်ခံထားတာ"

"တော်တော်သနားဖို့ကောင်းပါလား ဒက်ဒီရဲ့"

နာကျင်ခံရခက်နေသောမျက်နှာဖြင့် သူ့ဒေါသကိုဆွနေသော ထိုကောင်လေးဟာ ဘယ်သူနဲ့တူမှန်းမသိသော ထီမထင်ထားမှုတွေနှင့်ဖြစ်သည်။
ရိုင်းစိုင်းသောစကားတွေ၊ အပြုအမူတွေဟာ ဒီကောင်လေးနဲ့ခွဲခြားမရတော့သလို မျက်လုံးထဲပြေးမြင်လိုက်မိတာက ဒင်းရဲ့အမေ ကိုယ်ချစ်ရသည့်ဇနီးဖြစ်သူ မေမီ…

သူမကို မိဘချင်းမိတ်ဆက်ပေးကတည်းက သဘောကျခဲ့ကာ လက်ထပ်ပြီး သားတစ်ယောက်ရခဲ့သည်အထိ မြတ်နိုးခဲ့သည်။
သူမသည်သာ ကိုယ့်ဘဝ၊ သူမနှင့်မိသားစုဘဝသည်သာ ကိုယ့်အနာဂတ်ဖြစ်ခဲ့ပေမယ့် သူမကတော့ ထိုသို့မဟုတ်…

"ကလေးက Aသွေးပါ"

"မဖြစ်နိုင်တာ ပြန်စစ်ကြည့်ပါဦး တစ်ခုခုမှာနေတာနေမှာပါ"

"မမှားပါဘူး ကလေးကAသွေးပါ ပြီးတော့ အခု ကလေးကသွေးသွင်းရမယ်"

"ကျွန်တော် Aသွေးမဟုတ်ဘူး"

မင်းခစား ၈နှစ်သားအရွယ်မှာ အပြင်းဖျားပြီး သွေးသွင်းရမှာမို့ ထိုကလေးကိုသွေးစစ်တော့မှ ဒီအဖြေထွက်လာခဲ့ခြင်းဖြစ်ပြီး ကိုယ့်သားဟုထင်ခဲ့မိသော သူ့မှာ အရူးဖြစ်ခဲ့ရသည်။
ကိုယ်ရော၊ မေမီပါ Oသွေးတွေချည်းပဲမို့ မင်းခစားရဲ့ Aသွေးကို သူလက်မခံနိုင်ချေ။
တုန်လှုပ်သွားစိတ်ဖြင့် ကလေးကို DNAစစ်ကြည့်တော့မှ မင်းခစား Aသွေးဖြစ်ရခြင်းဟာ အမှန်တကယ်မှန်းသိခဲ့ရပြီး…

မိုးမြေခစားWhere stories live. Discover now