46

6K 299 11
                                    

💌 Part - 46 💌
---------------

ချောကလက်ရောင်ဆံနွယ်တို့က ပခုံးထက်မှာ လျော့တိလျော့ရဲနေရာယူထားပြီး သူ့ရှပ်အင်္ကျီဝတ်ထား၍ ကိုယ်လုံးလှလှလေးက မြုပ်ကွယ်နေ၏။
လက်ကိုတံတောင်ဆစ်အထိ ခေါက်တင်ထားပြီး အသီးအရွက်တွေဆေးနေသောကြောင့် လက်ဖမိုးလေးတွေ၊ လက်ချောင်းလေးတွေက နီရဲနေသည်။

ပေါင်လယ်အထိရောက်နေသော အင်္ကျီကြောင့် သူမသည် ဘောင်းဘီအရှည်ဝတ်မထားဘဲ ဖြူနုသောပေါင်တံလှလှလေးတွေကလည်း အထင်းသား...
ခြေဖမိုးလေးတွေကလည်း မွေးကင်းစကလေးတွေလို နုဥနီရဲလို့...

"ငါ့ကောင်မလေး တော်တော်လှလာတယ် ငါနဲ့တည့်တယ်ထင်တယ်"

နောက်ကျောအလှကို တဝကြီးခံစားပြီးမှ ရိသဲ့သဲ့ပြောလိုက်တော့ မျက်စောင်းလေးတစ်ချက်ရောက်လာကာ ဟွန့်ခနဲနှာခေါင်းရှုံ့လေသည်။
မနေနိုင်တော့၍ ခါးလေးကိုသိမ်းဖက်ကာ ဂုတ်ပိုးဖြူဖြူဥဥလေးကို ငုံ့နမ်းမိတော့ မွှေးပျံ့သောကိုယ်သင်းနံ့လေးက သူ့ကိုပိုပြီးရင်ခုန်စေသည်။
ထို့နောက် အင်္ကျီကိုအသာလေးဆွဲချပြီး ဝင်းဝါနေသောပခုံးသားလေးတွေကိုပါ လိုက်နမ်းမိတော့ သူမက မနေတတ်တော့သလို တွန့်လိမ်နေတော့သည်။

"ငါ ဟင်းချက်မလို့နော် မင်းခစား"

"ဟင်းမစားချင်ဘူး မင်းကိုစားချင်တာ"

"နှာဘူးမကျနဲ့"

အမြင်ကတ်လာပုံရသည့် မိုးမြေက သူ့ရင်ဘတ်ကို တံတောင်နှင့်တွက်လာ၍ အွတ်ခနဲဖြစ်သွားမိပေမယ့် ဖက်ထားတာကိုတော့မလွှတ်ဘဲ တစ်ကိုယ်လုံးကိုပွေ့ချီပစ်လိုက်၏။
ရယ်သံလေးထွက်လာပြီး မိုးမြေကျောပြင်လေး သူ့ရင်ဘတ်ကိုမှီချလာသည့်အခါ ကြမ်းပြင်ပေါ်ပြန်ချပေးလိုက်သည်။
ထိုအခါမှ သူမက မျက်နှာလေးမော့လာကာ သူ့ကိုလည်ပြန်ငဲ့ကြည့်ရင်း...

"နင်UKသွားမှ ငါလည်းငြိမ်းချမ်းမှာပဲ"

"Aww အခုတော့ဒီလိုပြောပြီပေါ့ မင်းမနေ့ညကတောင် ညည်းနေ.."

"နင်နော် တော်ပြီ"

"ဟိုလိုပုံစံလေး ဒီလိုမျိုးလေးနဲ့"

မိုးမြေခစားWhere stories live. Discover now