33

6.1K 282 11
                                    

💌 Part - 33 💌
---------------

ညစာစားပြီးသည့်အခါ သူမလက်ကလေးကိုတွဲပြီး ကမ်းစပ်အတိုင်းလျှောက်လာတော့ ပင်လယ်လေကြောင့် ဂါဝန်စနှင့်ဆံပင်ရှည်တွေဟာ တလွင့်လွင့်ဖြစ်နေ၏။
အမှတ်တမဲ့စောင်းငဲ့ကြည့်ပြီးမှ အကြည့်ပြန်မလွှဲဖြစ်တော့ဘဲ မိုးမြေကိုငေးနေမိကာ သူမကတော့ သဲတွေကိုခြေဖျားလေးနှင့် ရှပ်တိုက်နေသည်။
ဘာလို့များ ဒီငွေသရဲမကိုမှ မှတ်မှတ်ရရချစ်မိသွားသလဲမသိသလို သူမဟာ ကိုယ့်typeနဲ့တခြားစီ။

"မိုးမြေ"

"ဟင်!"

မိုးမြေမျက်နှာလေးမော့လာတော့ သူ ခြေစုံရပ်လိုက်ပြီး သူမပါးလေးကို အုပ်ကိုင်လိုက်သည်။
Hotelမီးရောင်ဖျဖျလေးဖြင့် မြင်နေရသောမျက်နှာလေးသည် ဝင်းစက်နေသလို သူ့ကိုကြည့်နေသောမျက်လုံးလေးတွေကလည်း ကြယ်ပွင့်တွေလို လင်းလက်နေသလိုပင်။

"တကယ်တမ်း ပြောဖို့အဝေးကြီးလိုသေးပေမယ့် ကြိုပြောထားဦးမယ် ငါ နှစ်ကုန်ရင် UKကိုသွားရမှာ"

သူမမျက်နှာလေးပျက်သွားပြီး မသိမသာမျက်လွှာချသွားသည့်အခါ မိုးမြေပခုံးတွေကိုဆုပ်ကိုင်ပြီး ခပ်ဖွဖွလေးဖက်ထားလိုက်မိသည်။
ထိုအခါ ပြန်ဖက်လာသော မိုးမြေရဲ့လက်ကလေးတွေသည်လည်း ခပ်တင်းတင်းပဲမို့ သက်ပြင်းတစ်ချက်ချလိုက်မိသည်အထိ။

"အဲ့ဒီကပြန်လာရင် ငါတို့လက်ထပ်ကြမယ်"

"မယူချင်ဘူး နင့်ကို"

"အေးနော်.. မယူဘူးလို့ နောက်ထပ် ထပ်ပြောကြည့်စမ်း မင်းကိုမုဒိမ်းကျင့်ပစ်မှာ"

"ဘာ!"

ပြူးပြူးပြဲပြဲအော်လာသည့်အပြင် သူ့ရင်ဘတ်ကိုပါတွန်းထုတ်လာတော့ သူရယ်မိရင်း မိုးမြေကိုပြန်မလွှတ်ဖြစ်။
သူမ မကျေမနပ်တွန်းထိုးပစ်နေလေ၊ သူ အသည်းယားလာလေမို့ ဒူးခေါက်ကွေးနေရာမှ စွေ့ခနဲပွေ့ချီပစ်လိုက်တော့ မိုးမြေက သူ့လည်ပင်းကိုသိုင်းဖက်လာသည်။

"အဲ့ဒါဆို နင်မသွားခင်မှာ ငါ့ကိုအလိုလိုက်လေ"

"လိုက်သင့်မှလိုက်မှာပေါ့ နေရာတိုင်းအလိုလိုက်နေရအောင် ငါကအရူးလား"

မိုးမြေခစားWhere stories live. Discover now