ဇာတ်သိမ်းပိုင်း

12.5K 494 44
                                    

💌 Part - 66 💌
---------------

I've said those words before
(ဒီစကားတွေကို အရင်တုန်းက ပြောခဲ့ဖူးပေမယ့်)

But it was a lie
(အဲ့ဒါလိမ်တဲ့စကားတွေပါ)

And you deserve to hear them a thousand times
(ပြီးတော့ မင်းက ဒီစကားတွေကို အကြိမ်ပေါင်းထောင်ချီမက ကြားရဖို့ ထိုက်တန်တဲ့သူပါ)

"ငါလည်း မင်းကိုအကြိမ်ပေါင်း ထောင်ချီပြီးချစ်တယ်ဆိုတဲ့အကြောင်းပြောဦးမှာ မင်းမကြားချင်တော့တဲ့အထိ ပြောမှာ"

လူအလစ်မှာ သူမခါးလေးကိုဖက်ကာ လည်တိုင်လေးကိ ငုံ့နမ်းရင်း နားနားလေးကပ်ပြောမိတော့ မိုးမြေကပြုံးမြသွားကာ သူ့ဘက်လှည့်လာလေသည်။
ဒီနေ့ညDinnerအတွက် ကမ်းခြေတစ်ခုလုံးငှားထားသောကြောင့် သူတို့လူစုသာရှိနေပြီး ခပ်ငြိမ့်ငြိမ့်သီချင်းသံတွေ၊ စကားသံတွေဖြင့် စည်ကားသိုက်မြိုက်နေ၏။
ထို့ကြောင့် သူတို့နှစ်ယောက်က လွတ်လပ်နေကာ မိုးမြေက သူ့ကိုခြေဖျားလေးထောက်ပြီး သူ့နှုတ်ခမ်းတွေကို မော့နမ်းလာသည်။

"ပြီးတော့ရော"

"ဘဝမှာပထမဦးစားပေးက မင်းပဲ Baby"

"ပြီးတော့ရော"

"မိုးမြေခစားဆိုတဲ့အတိုင်းပဲ အရာအားလုံးမှာ မင်းကိုပဲဦးစားပေးမယ် မင်းကိုပဲ ဝပ်ပြားနေအောင်ခစားမယ်"

"အဲ့ဒါဆို နမ်း"

ပြုံးစိစိဖြင့် မျက်နှာလေးမော့ပေးလာသည့်အခါ သူ မငြင်းနိုင်တော့ဘဲ ခါးလေးကိုသိုင်းဖက်ကာ မက်မောရလွန်းသောနှုတ်ခမ်းလေးကို ဖိကပ်နမ်းရှိုက်မိသည်။
သူမသည်သာ တစ်ဘဝလုံးအတွက် အမြတ်နိုးရဆုံးအရာလေးမို့...

"ငါမင်းကိုအရမ်းချစ်တယ် မင်းရှိနေရင် တစ်ဘဝလုံးပြည့်စုံပြီလို့ ခံစားရတဲ့အထိပဲ ငါ့ကိုခွင့်လွှတ်ပြီး ပြန်လက်ခံပေးတာကိုလည်း တကယ်ကျေးဇူးတင်တယ်
Babyရယ် မင်းကငါ့အတွက် တကယ်Soulmateပါပဲ"

မိုးမြေကိုငုံ့ကြည့်ရင်းပြောနေရာမှ သူသည် ကလေးတစ်ယောက်လို မျက်ရည်တွေရစ်ဝဲလာသလို သူ့ပုံစံသည် ယုယုယယပွေ့ဖက်နှစ်သိမ့်ချင်လောက်အောင် ချစ်စရာကောင်းနေတော့၏။
သူ့ရင်ခွင်ထဲတိုးဝင်ရင်း ကျောပြင်ကျယ်ကြီးကိုသိုင်းဖက်ကာ သူ့မေးဖျားလေးကိုမော့နမ်းမိတော့ မိုးမြေရဲ့လူဆိုးလေးဟာ သဘောတကျပြုံးလာသည်။

မိုးမြေခစားWhere stories live. Discover now