61

8K 399 11
                                    

💌 Part - 61 💌
---------------

"အခု ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ"

"ကျွန်တော် ဂျပန်မှာပဲရုံးထိုင်တော့မယ်"

သားရဲ့စကားကြောင့် အခန်းရှေ့ကဖြတ်သွားရင်း ခြေလှမ်းတွေရပ်တံ့သွားကာ လက်ထဲက ဘုရားပန်းတွေနှင့်ကတ်ကြေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။
မိုးမြေရိုဂာ်လိုက်သည်ဆိုသော ပါးတစ်ဖက်က အခုထိညိုနေဆဲဖြစ်ကာ ဒီ့အတွက်လည်း သားကြီးက အတော်လေးခံစားနေရပုံရသည်။
ထို့ကြောင့် ဘာမှမပြောရက်မဆိုရက်ဘဲ သားကြီးအနားမှာနေကာ ကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့်ရှိနေခဲ့ကာ ကိုမင်းသီဟကတော့ ဘာတွေပြောနေသလဲမသိ...

"မင်းခစားရဲ့ရှယ်ယာတွေကရော"

"ကြိုက်သလိုလုပ်တဲ့"

"အံမာ.. လူကြီးတွေကိုပမာမခန့်နဲ့ ဒင်းကများ.. ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်လုပ်ပြီး မင်းရှယ်ယာထဲပေါင်းထည့်လိုက် ဒီလောက်ဖြစ်တာ"

"အဘိုးက သူ့အတွက်ထားခဲ့တာပဲ ထားလိုက်ပါ ဒက်ဒီရာ အခုပြဿနာတွေဖြစ်ထားပေမယ့် အချိန်တန်ရင်ပြန်ပြေလည်သွားမှာပါ ဒီကောင်ဆိုးတာသိနေတာပဲ သူနဲ့အပြိုင် လိုက်မဆိုးချင်ပါဘူး သူကကျွန်တော့်ညီပဲဥစ္စာ"

"ဘယ်သူကမင်းညီလဲ"

ကိုမင်းသီဟ၏စကားကြောင့် သူမအလွန်ဒေါသဖြစ်သွားမိ၍ သားကြီးရဲ့အခန်းထဲဝင်လာခဲ့ကာ ကိုမင်းသီဟရှေ့မှာ တည့်တည့်ကြီးရပ်ပစ်လိုက်သည်။
သားငယ်ကို ဘယ်လိုပြောပြီးနာကျင်စေခဲ့သလဲ မသိခဲ့ပေမယ့် သားငယ်အိမ်ပြန်မလာဘဲ တသီးတသန့်နေခြင်းဟာ ကိုမင်းသီဟကြောင့်မှန်း သူမသိသည်။

အခုလည်း ညီအစ်ကိုနှစ်ယောက်ကို ရန်တိုက်ပေးနေပြန်ပြီမို့ သူမ သည်းမခံချင်တော့၍ တည့်တည့်ကြီးရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဘယ်သားက ဘယ်လိုဆိုးနေနေ၊ ဘယ်လိုပဲမှားနေနေ အပြစ်ရှိသူဟာ သူမကိုယ်တိုင်ပဲမဟုတ်လား...
ကိုမင်းသီဟကတော့ ဒီအဖြစ်ကိုမျှော်လင့်ထားပုံမရဘဲ ကြောင်အမ်းအမ်းဖြစ်သွားချိန် သူမ ထိုမျက်နှာကို စိတ်ရှိလက်ရှိလွှဲရိုက်ပစ်လိုက်သည်။

မိုးမြေခစားWhere stories live. Discover now