💌 Part - 17 💌
---------------ဒီနေ့ညတော့ မိုးအေးနေသောကြောင့် Customerသိပ်မလာ၍ Snookerခန်းတစ်ခုလုံး အားလပ်နေကြ၏။
ထို့ကြောင့် စကားပြောသူကပြော၊ ထိုင်သူကထိုင်ဖြင့် ဤအားလပ်ချိန်လေးမှာ အနားယူနေကြကာ ခစားရောက်လာသည်နှင့် တဝုန်းဝုန်းဖြစ်ကုန်ကြသည်။
Barမှာထိုင်ရင်း စာကြည့်နေသောမိုးမြေတောင် ထိုလူတွေကြောင့်လန့်ဖျပ်သွားကာ အနားရောက်လာသည့် ခစားကို မော့ကြည့်လိုက်မိသည်။သူက လည်ကပ်ဆွယ်တာအဖြူရောင်ကို ဝတ်ထားကာ အနီရောင်မိုးကာသားအင်္ကျီကို ထပ်ဝတ်ထား၍ ချောမွေ့သောသူ့မျက်နှာက ပိုပြီးသန့်ပြန့်ထည်ဝါနေသည်။
ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ မိုးမြေကို ပြူးပြဲကြည့်နေပုံက သူမ အပြစ်တစ်ခုခုကျူးလွန်ထားမိသည့်အတိုင်း…"ဘာလဲ"
"ဒီလောက်အေးနေတာကို ချိုင်းပြတ်ဝတ်ထားတာ မင်းတော်တော်သွေးသားကောင်းနေတာလား မိုးမြေ"
"မအေးပါဘူး ဘီယာသောက်ထားတယ်"
"ပြချင်လို့လား"
မိုးမြေ နှုတ်ခမ်းကိုဖိကိုက်ပစ်ကာ သူ့ခြေထောက်ကို ကန်ပစ်တော့ နာသွားပုံရသည့်သူက ခြေတစ်ဖက်တည်းနှင့် တဆွေ့ဆွေ့ခုန်နေ၏။
ပြီးမှ မိုးမြေလက်ထဲကစာအုပ်ကိုဆွဲယူကာ ဘာတွေလဲဆိုသည့် အကြည့်တစ်ချက်ရောက်လာသည်။"စာကျက်နေတာလား"
"အင်း"
"ပြောကြည့်စမ်းပါ တစ်ခွန်းလောက်"
"ဗူဇက်ဗီလားရ် စတူပြီသာရ်"
(နင့်ကိုကြည့်ရတာ အရူးလိုပဲ)စာအုပ်ကိုကိုင်ထားရာမှ သူ့မျက်နှာတမျိုးဖြစ်သွား၍ မိုးမြေ ခစ်ခနဲရယ်လိုက်မိသည်။
ဒါကိုပဲ သူက မသင်္ကာဖြစ်သွားပြီး Barစားပွဲပေါ်လက်ထောက်ကာ မိုးမြေကိုငုံ့ကြည့်လာတော့ သူမ ပိုပြီးရယ်ချင်သွား၍ ပခုံးတွေလှုပ်ခတ်သည်အထိ ရယ်ပစ်လိုက်သည်။"မင်း ငါ့ကိုမကောင်းတာတစ်ခုခု ပြောလိုက်တာမလား"
"နင်ကအရမ်းချောတယ်လို့ပြောတာ"
"မဖြစ်နိုင်ဘူး မိုးမြေ မင်း ဘာပြောလိုက်တာလဲ"
"ချောတယ်လို့"
YOU ARE READING
မိုးမြေခစား
Romance"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့အမှန်တရားထဲမှာ ဗီလိန်ဖြစ်ချင်ဖြစ်နေမှာပေါ့... မင်းမှတ်ထား.. မင်းဘယ်လိုပဲနေနေ ဘာတွေပဲလုပ်နေနေ တခြားသူတစ်ယောက်ယောက်ရဲ့အမှန်တရားထဲမှာတော့ မင်...