57

6.1K 349 11
                                    

💌 Part - 57 💌
---------------

ဦးလေးကို သတိထားစောင့်ကြည့်နေခဲ့သည်မှာ တစ်ပတ်နီးပါးရှိနေပြီမို့ အနည်းငယ်ခြေလှမ်းပျက်နေမှန်း ရိပ်မိနေခဲ့ပြီ။
ခစားတို့ပျောက်သွားချိန်က မှင်သေနေခဲ့သောကြောင့် သတိမထားမိပေမယ့် ဦးလေးသည် အဘိုးကလက်သပ်မွေးထားသောလူယုံဖြစ်သလို ခစားကိုထိန်းကျောင်းခဲ့ရသည့်လူလည်းဖြစ်သည်။
ကုမ္ပဏီမှာလည်း အရေးပါသော မန်နေဂျာချုပ်ရာထူးဖြင့် သူတို့မိသားစုကိစ္စကအစ မငြိုမငြင်လုပ်ပေးတတ်သော လူပျိုကြီးမို့ ခစားကိုကူညီနိုင်ဖို့ ဖြစ်နိုင်ချေအများဆုံးလူ...

"ဒီမတိုင်ခင်က အဝတ်တွေဝယ်ချမ်းနေတာတွေ့တယ် ဥက္ကဌ အဲ့ဒါတွေကို ငွေဆောင်ဘက်ပို့လိုက်တာ ဒါပေမယ့် ငွေဆောင်ဘက်မှာ သူ့အမျိုးတွေရှိတယ်ဆိုပဲ"

"ငွေဆောင်က ဟုတ်လို့လား"

"မပြောတတ်ဘူးဥက္ကဌ ဦးအာကာက သူ ငယ်ငယ်လေးကတည်းက ဆရာကြီးရဲ့အိမ်မှာကြီးလာတာ ဥက္ကဌရဲ့အမေနဲ့ငယ်သူငယ်ချင်းလို့တောင် ပြောလို့ရတယ်"

"အဲ့ဒါဆို သူက ခစားကိုသေချာပေါက်ကူညီမှာပဲ ငွေဆောင်ဘက်ကအမျိုးဆိုတာကို စုံစမ်းကြည့်လိုက် အဲ့ဒီဘက်ကနည်းနည်း အလှမ်းဝေးတော့ ငါကမသိတော့ဘူး"

"ဟုတ်ကဲ့"

သူ့လူယုံတွေကို အခန်းထဲကထွက်သွားဖို့ လက်ခါပြလိုက်ပြီး ထိုင်ခုံမှာကျကျနနမှီထိုင်ကာ မျက်လုံးတွေမှိတ်ပြီး ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။
တစ်ကိုယ်တည်းလူပျိုကြီး..
ငယ်စဥ်ကတည်းက အိမ်မှာကြီးခဲ့သော အဘိုးရဲ့လက်သပ်လူယုံ..
မာမီ့သူငယ်ချင်း..
ခစားကိုထိန်းခဲ့သူ..
ဒါတွေဟာ ဆက်စပ်မှုရှိနေမလား...

မာမီ့ရဲ့ဖောက်ပြန်မှုကို ဦးလေးသိမှာလည်းသေချာနေခဲ့ကာ ဦးလေးကိုရော ဒက်ဒီ သံသယမဝင်ခဲ့ဘူးလား...
မာမီ့ရဲ့နောက်ထပ်အမျိုးသား၊ မင်းခစားရဲ့အဖေအရင်းကိုရော ဦးလေးသိနေမလား...
ကိုယ့်စိတ်ထဲထင်နေခဲ့မိသည့်အရာကရော စိတ်ထင်တာသက်သက်ပဲလား၊ ဒါမှမဟုတ် တကယ့်အမှန်တရားလား...

"ကိုကိုသာ မြင်အောင်ကြည့်စမ်းပါ"

ဟုလည်း ခစားကပြောခဲ့ဖူးမှတော့ သူအခုမှသိရသော ကိစ္စရပ်တွေကို၊ ဒီအကြောင်းတွေကို ခစားကတော့ သေချာသိနေလောက်သည်ပဲ။
ဒက်ဒီက အဖေအရင်းမဟုတ်သောကြောင့် ဒီကောင်ဟာ ဒက်ဒီ့ကို အမြဲကန့်လန့်တိုက်ပြီး ဒက်ဒီစိတ်ဆင်းရဲအောင် တမင်လုပ်ပြနေခဲ့တာပဲ...

မိုးမြေခစားWhere stories live. Discover now