49

5K 317 20
                                    

💌 Part - 49 💌
---------------

"ကိုကို"

အချုပ်ခန်းရှေ့မှာရပ်နေသော ကိုကို့ပုံစံက အနည်းငယ်ညှိုးငယ်နေကာ သံတိုင်တွေနောက်ရောက်နေသော သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတာလား၊ ဒေါသဖြစ်နေသလားတော့မသိ။
ကိုကို သူ့ကိုလာထုတ်တာလား၊ အာမခံရလားဟုလည်း စိတ်မဝင်စားနိုင်ဘဲ သူသိချင်သည့်အရာဟာ တစ်ခုတည်း…

"Candy သတိရပြီလား"

ကိုကိုမျက်နှာပျက်သွားခဲ့သည်။
ထို့နောက် ခေါင်းကိုအသာအယာခါရမ်းပြသည့်အခါ မျှော်လင့်ချက်ကင်းမဲ့သွားပြန်ကာ သံတိုင်တွေကိုလွှတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်မိသည်။
ထိုအချိန် အချုပ်ခန်းတံခါးပွင့်လာကာ ကိုကိုက သူ့ကိုထွက်လာခဲ့ဖို့ အချက်ပြတော့ သူမဆီသို့ပြန်ချင်စိတ်ဖြင့် ပျော်သွားမိပြီး ချက်ချင်းထပြေးလာခဲ့သည်။

"ဆေးရုံခဏသွားရအောင်"

"ခစား"

"သူ ဘယ်လိုနေသေးလဲ ကျွန်တော်သိချင်တယ်"

"မင်းကောင်မလေး ဘာမှမဖြစ်တာ မင်းသိတယ်မလား ICUထဲမှာနေရဦးမယ် တွေ့လို့မရသေးဘူး အခုငါတို့မာမီ့ဆီအရင်သွားရမယ်"

"ကိုကို"

"မင်းအမေ မင်းသတင်းကြောင့်မို့ အိပ်ရာထဲလဲနေပြီ ဒီအချိန်မှာတောင်မှ ဟိုမိန်းမဆီပြေးသွားချင်ရင်တော့ မင်းကို ငါကိုယ်တိုင်ရိုဂာ်ချိုးပစ်မယ်"

ကိုကိုက တကယ်လုပ်တော့မည့်ပုံစံဖြင့် တင်းမာနေသောကြောင့် နောက်ထပ်ကလန်ကဆန်မလုပ်သင့်မှန်း သူ သတိကပ်လိုက်ရသည်။
ဟိုမှာ နေသွေးတို့ရှိနေတာပဲဆိုသည့် ဖြေသိမ့်အတွေးဖြင့် ကိုကို့အနောက်ကလိုက်လာခဲ့ကာ ဆေးရုံကိုသွားချင်ပါလျက် အိမ်ကိုသာပြန်ရောက်လာခဲ့သည်။
မာမီကတော့ ထုံးစံအတိုင်း သူ့ကိုတွေ့လိုက်သည်နှင့် မျက်ရည်လည်ရွဲဖြင့် ထပြေးလာသောကြောင့် မိုးမြေကို တခဏတော့မေ့ပျောက်သွားခဲ့သည်။

"သားရယ် ဘာမှမဖြစ်လို့တော်ပါသေးတယ် ဘာလို့ကားပြိုင်ရတာလဲ"

"မာမီကလည်း"

"တော်ပါတော့ ငါ့သားရယ် မာမီ့ကိုစိတ်ပူအောင်လုပ်တာတွေ တော်ပါတော့ မနက်ဖြန်ပဲUKကိုသွားရမယ် မာမီလည်းလိုက်ခဲ့မယ်"

မိုးမြေခစားΌπου ζουν οι ιστορίες. Ανακάλυψε τώρα