40

7.7K 300 7
                                    

💌 Part - 40 💌
---------------

"ဗိုက်ဆာတယ်"

ညကစောစောအိပ်ပျော်သွားကြသောကြောင့် ၂နာရီလောက်မှာ သူမက အတင်းလှုပ်နှိုးပြီး ဂျီကျပူဆာလာ၏။
အိပ်တော့အိပ်ချင်သေးပေမယ့် ဒီငွေသရဲမသည် တစ်ခုခုမစားရမချင်းဂျီကျနေဦးမှာမို့ အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်ရသည်။
မိုးမြေက ဘာမှဝတ်မထားသေးဘဲ စောင်ကိုသာရင်ဘတ်ပေါ်အထိ ဆွဲခြုံထားရင်း ဗိုက်ကလေးကိုပွတ်နေတော့ ပိုပြီးစိတ်မကောင်းဖြစ်သွားမိသည်။
ညစာမစားလိုက်ရတာလည်း ကိုယ့်ကြောင့်ပဲမို့ ပါးအိအိလေးကိုဆွဲဖဲ့လိုက်ကာ…

"ဒင်းဆမ်းတွေရှိတယ်မလား အဲ့ဒါစားမလား"

"အင်း ပူပူလေးနော်"

"ခေါက်ဆွဲပြုတ်သောက်ချင်သေးလား"

"ဟင့်အင်း"

"ပြီးရော.. ခဏစောင့်"

ခေါင်းလေးညိတ်ပြပြီး ခေါင်းအုံးပေါ်ပြန်လှဲသွားသော သူမကို ပခုံးပေါ်အထိ စောင်ဆွဲခြုံပေးလိုက်ကာ သူကတော့ အခန်းထဲကထွက်လာခဲ့၏။
ခါတိုင်းဆို သူ တစ်ခုခုစားချင်လာတိုင်း မိုးမြေကိုလုပ်ခိုင်းနေကျဖြစ်ကာ ထိုအတွက်လည်း သူမကိုပိုက်ဆံသာပေးတတ်ခဲ့တာကို ပြန်သတိရမိတော့ သူရယ်မိသည်။
အခုတော့ ဒီဟာလေးကို ဘာမှမခိုင်းရက်ဘဲ ကိုယ်ကသာ လုပ်ပေးချင်နေပြီမဟုတ်လား…

ဒင်းဆမ်းတွေကို Microwaveထဲထည့်ပြီး နွှေးလိုက်ကာ မိုးမြေသောက်တတ်သော ပဲနို့ဘူးကိုလည်း ဖန်ခွက်တစ်ခုထဲဖောက်ထည့်လိုက်သည်။
အားလုံးပြီးတော့မှ အိပ်ခန်းထဲပြန်ဝင်လာသည့်အခါ မိုးမြေက ဂါဝန်တစ်ထည်ဝတ်ထားပြီးဖြစ်ကာ ဆံပင်တွေကို စုစည်းနေ၏။

"ရပြီ အသည်းလေး"

"အဲ့လိုကြီးတွေမခေါ်စမ်းပါနဲ့ ခစားရယ် ကြားရတာ နားထဲ ယားလိုက်တာ"

"ပြီးရောကွာ မင်းကRoလို့ကိုမရဘူး လာစားတော့ ငွေသရဲမ"

အမြင်ကတ်ကတ်ဖြင့် ပန်းကန်ကိုရော၊ ဖန်ခွက်ကိုပါ ဂွပ်ခနဲချပေးလိုက်တော့ သူမက ရယ်သံတိုးတိုးဖြင့် ခြေဖျားလေးထောက်ကာ သူ့ပါးတစ်ဖက်ကိုမော့နမ်း၏။
ထိုအနမ်းအိအိလေးက မကျေနပ်နေသမျှကို ပြေပျောက်သွားစေပေမယ့် အချော့ခံချင်သေးတာမို့ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

မိုးမြေခစားWhere stories live. Discover now