28

5.7K 278 7
                                    

💌 Part - 28 💌
---------------

ဖြူနှစ်နေသောဂါဝန်လေးက သူမကိုယ်ပေါ်မှာကပ်ချပ်နေကာ မိတ်ကပ်ပါးပါးလေးလိမ်းထားသောကြောင့် ထိုမျက်နှာလေးဟာ ပိုပြီးလှနေခဲ့သည်။
ဂါဝန်လေးကိုမ,ပြီး လျှောက်လှမ်းလာသည့်အခါတိုင်း လှစ်ခနဲမြင်လိုက်ရသော ခြေဖမိုးဖြူဖြူလေးကြောင့် ရင်တွေတုန်သွားမိတာလည်း ခဏခဏ။
သူ့ကိုလိုက်ရှာနေပုံရသည့် မျက်လုံးဝိုင်းလေးတွေကို မသိကျိုးကျွံပြုရင်း မိုးမြေမမြင်သည့်တစ်နေရာမှသာ စောင့်ကြည့်နေခဲ့မိသည်။

"ခစား မင်းငါ့အစားဝင်ပေးစမ်းပါ ငါ အခုမှဗိုက်နာလာလို့"

"ဟာ.. မင်းကလည်း"

"လုပ်စမ်းပါဟ"

သတို့သားအရံ ထွန်းမြတ်က သူ့ရင်ဘတ်အိပ်ကပ်ထဲကို ပန်းခက်လေးထိုးထည့်ကာ စင်ပေါ်ကခုန်ချသွား၍ ပွဲမဖင့်အောင် သူစင်ပေါ်တက်လိုက်ရသည်။
ထိုအခါမှ မိုးမြေကို ပိုပြီးပီပီသသမြင်လိုက်ရကာ သူမဟာ cocktail barမှာထိုင်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်နေတာ ဆက်တိုက်...

"တစ်ယောက်တည်းပြန်ရမယ့်ဟာကို မူးပြီးအန်တော့မှာပဲကွာ"

စိတ်ထဲမှာမကျေမနပ်ဖြစ်သွားမိသလို သူမအနားသွားချင်စိတ်တွေက ကြီးစိုးလာတော့ မပြီးနိုင်မစီးနိုင် စကားပြောနေသော သတို့သား၊သတို့သမီးကို ဆောင့်ကန်ချင်လာမိသည်အထိ။
မိုးမြေထရပ်လိုက်သည့်အခါ သူပိုပြီးနေမရတော့သလို သတို့သမီး၏စကားအဆုံးမှာ အားလုံးက လက်ခုပ်တီးလိုက်ကြ၍ မိုးမြေရဲ့အကြည့်တွေ စင်မြင့်ဆီသို့ရောက်လာ၏။
ထိုအခါမှ သူမဟာ ကိုယ့်ကိုလှမ်းတွေ့သွားပြီး ထိုနေရာမှာပဲခြေစုံရပ်ကာ သူ့ကိုငေးကြည့်နေသောကြောင့် စိတ်တွေဟာ ပိုပြီးမငြိမ်ချင်တော့...

"ဘယ်လဲ ဟေ့ကောင် မင်းပဲကဲမယ်ဆို"

DJက သီချင်းဖွင့်လိုက်သည်နှင့် စင်ပေါ်ကဆင်းလို့ရပြီမို့ သူ ဆင်းဖို့ပြင်သည့်အခါ ကောင်းထက်ကလှမ်းဆွဲတာမို့ စိတ်တိုသွားမိသည်။
သူမနှင့်တွေ့ချင်သည်။
သူ့ရင်ထဲကစကားတွေ ဝန်ခံပစ်လိုက်ချင်ကာ ဒီမအေဘေးက ဘာကြောင့်ဆွဲထားရပြန်တာလဲ...

မိုးမြေခစားWhere stories live. Discover now