(၁)

648 23 0
                                    

Unicode [အပိုင်း-၁]

"​သော်တာမဏိ​ဝေ! နင်​တော်​တော် ဖြစ်​နေတာလားဟမ်..ငါ့မှာ​လေ ​ဖြေရှင်းလိုက်ရတဲ့ ပြသနာ​တွေ သား​မွေးထားလား​တောင်​အောင့်​မေ့ရတယ်။ဘာမှမဟုတ်တဲ့ အရာ​လေး​တွေနဲ့နင်စိတ်မထိန်းနိုင်တာနဲ့ပဲ သူများသားသမီးကို ထိပါး​​စော်ကားရလားဟမ် ​ဖြေ​လေ ​ဖြေ"

"သူတို့က​ရော သမီးကို စကား​တွေနဲ့ထိပါး​စော်ကားတာ အ​မေသိလို့လား။သမီးရှင်းပြတာနား​ထောင်လား"

"သူတို့က စကားနဲ့​လေ နင်က လက်နဲ့​​လေ စကားကထိလည်းခဏပဲ ခုက ဟိုဘက်က က​လေးက​ဆေးရုံ​တောင်​ရောက်​နေပြီ"

"သမီးကိုသူတို့​ပြောတဲ့စကားသာ ကိုယ်ထိလက်​ရောက်ဖြစ်မယ်ဆိုရင် သမီးခု သချ်ိုင်းကုန်း​ရောက်​နေပြီ သိလား"

"​ပြော​လေ ဆိုး​လေပဲ ​မွေးရကြိုးကိုမနပ်​ဘူး"

"အာ့ဆိုမ​မွေးပါနဲ့လား!!"

​သော်တာမဏိ​ဝေ ဘဝမှာပထမဆုံး အ​မေဖြစ်သူကိုပြန်​အော်ချင်းဖြစ်သည်..။သူ​​​အော်ပြီးအ​မေဖြစ်သူ၏အခန်းပြင်ထွက်လာ​တော့ သူ​နောင်တရမိတာ​တော့အမှန်ပင် သို့​သော်လည်း သားသမီးတစ်​ယောက်က မွေးရကြိုးမနပ်သူဟု​ပြောခံရလိုက်ခြင်းဟာ ဘဝပျက်ချိန်တစ်ခုပင်ဖြစ်မည်။

အခန်းထဲပဲ ဝင်လာလိုက်​တော့ ဖုန်းသံကြားတာ​ကြောင့်
ကုတင််​ပေါ်မှဖုန်းကို​ကောက်ယူလိုက်​တော့ ချစ်ရတဲ့ဖွားဖြစ်​နေတယ်​လေ..။

"ဟယ်လို..ဖွား"

"​အေး သမီး​ရေ ဖွား​ပြောစရာရှိလို့၊မနက်ဖြန်ဖွား ပြင်ဦးလွင်လာမှာသိလား"

"တကယ်လားး"

"ဒါ​ပေါ့ ​​​မြေးရဲ့ ဖွားအိမ်ရှင်းခိုင်းထားတယ်"

"ဟင်..သမီးတို့နဲ့လာမ​​နေဘူးလား"

"မ​နေ​တော့ပါဘူး ​မြေးရယ် ဖွား နဲ့လာ​နေမယ်မလား"

"မရဘူးထင်တယ်​နော်.."

"​အော် ​ဒေါ်ထက်​သော်​နေတာ ကိုဖွား​ပြောလိုက်ပါ့မယ်"

"​မေ​မေနဲ့စကားပြန်​ပြောပြီလား"

"ဒီလိုပါပဲ မိဘနဲ့သားသမီးက ရန်ဖြစ်လည်းခဏ​ပေါ့"

အသက်တည်ရာOnde as histórias ganham vida. Descobre agora