(၄)

264 13 0
                                    

Unicide[အပိုင်း-၄]

​ဇင်​ရွှေနဲ့​မေဝါတို့​ပြောသလို ငါဘာလို့သူ့အနားသွားထိုင်မိတာပါလိမ့်။အ​တွေးကမ္ဘာထဲနစ်မြုပ်ရင်း အ​မေ​ကော်ဖီလာပို့မှသိသွားတယ်။

"​မေ​မေ့ သမီး​မေးစရာရှိလို"

"​​မေး"

"လူတစ်​ယောက်နားကို ချက်ချင်းကြီး သွား​နေတဲ့လူကဘာလို့လည်း"

"အ​ကြောင်းအမျိုးမျိုးရှိတယ်​လေ"

"သူငယ်ချင်းနဲ့ဆိုရင်​ရော"

"သူက ဆိုးတယ်ထားဦး။သူ့ကို​ကောင်း​စေချင်လို့၊ပြုပြင်​ပေးချင်လို့၊တစ်နည်းအားဖြင့်​ပြောရရင်ဂရုသွားစိုက်​ပေးတာ"

"ဘာလို့လည်း"

"​အော်..၅၂၈ နဲ့ရှိသလို ၁၅၀၀ ​ကြောင့်လည်းဖြစ်နိုင်တာပဲ"

"ဟမ်??"

"​မေတ္တာစစ်စစ်နဲ့ကွာ ဂရုစိုက်တာက ​မေ​မေတို့နဲ့သမီးလို​ပေါ့ မိဘ​တွေကသားသမီး​တွေကို ​မေတ္တာရှိတယ်​လေ ​လူ​တွေမှာလည်း သူတို့​မေတ္တာရှိတဲ့လူဆိုတာရှိတာပဲ ဘာတဲ့ ​မေတ္တာသက်ဝင်​နေလို့ပါဆိုတာ​လေ.."

​မေ​မေက​ပြောရင်း ထရယ်သည်။

"ချစ်မချစ်ဘယ်လိုခွဲခြားလို့ရလည်း"

"သမီးရယ် အချစ်ဆိုတာက ဖုံးကွယ်ထားလို့မရဘူး၊တစ်ချို့​တွေက ချစ်မိမှာဆိုးလို့မုန်း​ယောင်​ဆောင်တဲ့သူ​တွေရှိတယ်၊သူတို့ကကြ​တော့ မဖြစ်နိုင်တဲ့အဆုံး​ပေါ့ ချစ်ရတဲ့သူကို မုန်းဟန်​ဆောင်တာကြီးက မလွယ်ပါဘူးကွယ်..​မေ​မေအသိဆုံးလို့​ပြောရမလား အရင်ရည်းစား​တွေကိုပြတ်မယ်ဆိုရင်မုန်းဟန်​ဆောင်ပစ်ရတာ.."

အ​မေကသူ့ဟာသူ​ပြော သူ့ဟာသူရယ်၊ချစ်မိ​နေပြီလား ဆိုပြီး​မေးခွန်းကိုထုတ်​နေတာ
သက်နှင်းဝဒီပင်ဖြစ်သည်။

"​မေ​မေ သမီးမိန်းက​လေးတစ်​​ယောက်နဲ့ယူရင် ​မေ​မေဘာ​ပြောမှာလည်း"

"​မေ​မေကအဲ့လိုလူ​တွေထဲမပါ ပါဘူးရယ်..အချစ်ဆိုတာ​ခေါင်းစဥ်တစ်ခုပါပဲ။ဘုရား​ဟောထားတဲ့ထဲမှာ​တော့ ကမ္ဘာကိုပျက်​စေမယ့်အရာ​တွေထဲမှာ လိင်တူချစ်ကြိုက်ကြတဲ့သူ​တွေပါတယ်..။ဒါမဲ့လည်းသမီးရယ် ချစ်မိရင် ဘယ်တက်နိုင်​တေ့ာမလည်း။"

အသက်တည်ရာWhere stories live. Discover now