(၂၇)

129 10 0
                                    

Unicode[အပိုင်း-၂၇]

"ဟယ်လို ခင်ယွန်း​ပြော"

"ဟဲ့ ဟဲ့ နာရီစင်နားမှာ​လေ ကားတိုက်ခံရတာ ​ကောင်မ​လေး​က ဝဒီ ဝဒီဖြစ်​နေတယ် သူခု​ဆေးရုံ​ရောက်သွားပြီ ငါရှိ​နေတယ် ပြည်သူ့​ဆေးရုံမှာ"

စကား​တောင်မဆက်နိုင်​တော့ပဲဖုန်းကိုချကာ အမြန်​ဆေးရုံသို့လိုက်သွားလိုက်သည်။သူထင်ထားတာ​တွေဖြစ်လာပြီလား ဒီ​နေ့မှအိမ်ပြန်သွားတဲ့ သက်နှင်းလမ်းမှာဒီလိုဖြစ်တာ သူထင်ထားသလိုဖြစ်​နေပြီလား။မဖြစ်နိုင်ပါဘူး​လေ စိတ်ကို​​လျော့​သော်လည်း မရမည်။

​သော်တာလမ်းမှာလည်းအရှိန်ပြင်းပြင်း​မောင်းနှင်သွားသည် မသိလိုက်တဲ့အတွင်းမျက်ရည်​တွေမှာလည်း အဆက်မပြတ်ကျ​နေပြီး ​လေနှင့်သာလွင့်စင်၍ပါသွားသည်။ပါကင်တွင်အမှန်ထိုးရပ်လိုက်ပြီး အ​ပြေးသွားသည်၊ဟို​ရောက်​တော့ ခွဲခန်း​ရှေ့၌ခုံတွင်ခင်ယွန်းထိုင်​နေသည်။

"​သော်တာနင်လာပြီလား ဝဒီဆို​တော့ငါလည်း နင့်ကိုပဲသတိရလို့ဆက်လိုက်တာ သူ့အ​ဖေနဲ့အ​မေလည်းငါမှမသိပဲ"

သူ​ပြောမှသတိရသွားပြီး သက်နှင်း၏အ​မေဖြစ်သူကိုဖုန်းဆက်လိုက်သည်၊မိဘနှစ်ပါးသည်လည်း ခရီးတွင်သာရှိ​သေးတာမို့ ​သော်တာကိုသာအကူအညီ​တောင်းတဖွ ဖွ​တောင်း​နေလိုက်သည်။​သော်တာလည်း ဟုတ် ဟုတ်ကလွဲ၍ကျန်တာဘာ​ပြောရမှန်းမသိ​အောင် စွံ့အ​နေသည်။ခဏ​နေ​တော့ ခွဲခန်းထဲမှ ဆရာဝန်ထွက်လာသည်။

"​လူနာက ​ခေါင်းနည်းနည်းပဲထိသွားတာပါ အဲ့တာ​ကြောင့် ဒီ၂ရက်​လောက်​တော့ နိုးလာ​သေးမှာမဟုတ်ပါဘူး အသက်အန္တရာယ်ကင်းပါတယ် အရိုးဆိုလို့ ညာဘက်လက်ပဲကျိုးသွားတာပါ ​သွေးထွက်​တော့လွန်လို့ ခုနက တစ်ချက်အ​ရေး​ပေါ်ဖြစ်သွား​ပေမယ့် အခုအဆင်​ပြေသွားပါပြီ ဘာမှစိတ်ပူစရာမရှိ​တော့ပါဘူး ​သွေး​တော့သွင်းထားရမယ် ​သွေးအားနည်း​နေလို့ပါ ဒါပြီးရင်တော့ သတိရတဲ့အထိ​စောင့်ရုံပါပဲ ကျန်တာမလိုအပ်​တော့ဘူး"

"​ကျေးဇူးတင်ပါတယ် ဆရာ အရမ်း​ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး လူနာက လျင်လို့ပါ ​ခေါင်းကိုကာကွယ်ဖို့ ညာဘက်လက်နဲ့​ထောက်လိုက်ပုံရတယ်အဲ့တာ​ကြောင့်ပါ"

အသက်တည်ရာWhere stories live. Discover now