(၆)

196 12 2
                                    

[Unicode] အပိုင်း(၆)

"သက်နှင်း သက်နှင်းနဲ့​လေ သူ​ကျောင်းကပြန်လာတိုင်း​ပြောပြတယ်၊ဖွားလည်းစိတ်ဝင်စားသွားတာ​ပေါ့၊သူကငယ်ငယ်ကတည်းက သူ့ခံစားချက်​တွေကိုဖုံးကွယ်ထားတက်တယ်​လေ၊​မေးမှ​ဖြေတာမျိူး​ပေါ့..ဖွားကသူ့ကိုတစ်ခါတစ်​လေမ​မေးဘူး အဲ့ကြရင်သူက ဘာမှလည်းမ​ပြောဘူး၊သူ အစိုးရ​ကျောင်းကို ၇တန်းအထိတက်တယ်​လေသမီးလည်းသိမှာပဲ သူစာ​တော်တယ် အမြဲတမ်းအဆင့်ဝင်တယ်​လေ၊ခုသူဒီကိုယ်ပိုင်​ကျောင်း​ရောက်လာ​တော့သူဆိုးလာတယ်​လေ​..တကယ်​တော့ သူ့အ​ဖေရဲ့​နောက်မိန်းမကခုဒီ​ကျောင်းမှာဒု​ကျောင်းအုပ်ပဲ​လေ အဲ့​တော့သူဆိုးရင် ဟိုတစ်​​ယောက်လည်း နာမယ်ပျက်မယ်​ပေါ့ သူက ရင့်ကျက်​နေသလိုနဲ့က​လေးအ​တွေး​လေး​တွေးလိုက်တာပဲ ဖွား​ပြောလည်းသူမရ သမီးနဲ့​တွေ့မှသူ​ပြောင်းလဲသွားတာ၊ပြီး​တော့ သူကဖွားကိုမ​မေးဘဲလူတစ်​ယောက်အ​ကြောင်းကို​ပြောတာလည်းဒါပထမဆုံးမို့လို့ ဖွားက အံ့သြ​နေတာ"

​သော်တာ ဆိုးတာဒါ​ကြောင့်ကို..လူ​တွေကဒီ​နောက်ကအ​ကြောင်းအရာ​တွေကိုမသိပဲ ​သော်တာ့ကိုအမြင်မကြည်​နေကြတာပဲ..။

"ဖွား​ရေ..သမီးဗိုက်ဆာတယ်"

"​အော် ဆင်းလာပြီလား'

"​အေးလို့ ခဏပဲချိုးလိုက်တာ"

​ခေါင်းသုတ်ပဝါကို​ခေါင်း​ပေါ်တင်ထားပြီး ​အောက်သို့ဆင်းလာတဲ့ ​သော်တာ။Bob cut မို့လို့ ​ရေဆို​နေလည်းလှ​​တော့လှသည်။

"သမီးလာဦး ဖွား​လေ ခြံသွားကြည့်မလို့ အဲ့တာ သက်နှင်း​လေးကိုအခန်း​တွေလိုက်ပြလိုက်ဦး​နော် ဖွားသွားပြီ"

"ဟုတ်.."

"သမီး အဲ့တာဆို အဖွားသွားပြီ​နော်"

"ဟုတ်ကဲ့"

အဖွားက သက်နှင်းကိုနှုတ်ဆက်ပြီး ကား​ပေါ်သို့တက်သွားသည်၊​နောက် ကားအနက်​ရောင်​လေးမှာခြံထဲမှထွက်ခွာသွားသည်။

"သက်နှင်းဝဒီ ​ခေါက်ဆွဲပြုတ်စားမလား"

"​တော်ပါပြီ နင်ဗိုက်ဆာတယ်ဆို"

အသက်တည်ရာTahanan ng mga kuwento. Tumuklas ngayon