Unicode[အပိုင်း-၂]
အိမ်မှာ မီးမှိတ်ထားတာနှင့်မဖွင့်ပဲဖုန်းမီးနဲ့သာ အိမ်အပေါ်ထပ်ကိုတက်လာခဲ့သည်။အခန်းထဲရောက်တော့မျက်စိမှိတ်လိုက်တော့ သက်နှင်းဝဒီပုံရိပ်ကိုပြန်မြင်ရောင်မိသည်။နီးကပ်ဖို့ကြိုးစားလာတာ ၉နှစ်တာမှာ ခုအောင်မြင်ပြီပေါ့။သူ့ အကောင့်ရှိလားမသိဘူး။
ဖုန်းကိုအမြန်ယူပြီး သော်တာမဏိတစ်ယောက် ဆပ်ပြာသယ်လင်ပျောက်နေသလို ပြာယာခက်နေတာပဲ။သူ့ဘာသာအမြန်အကောင့်ကိုရှာကြည့်လိုက်တော့ Wa D ဟူသော Acc လေးတစ်ခုကသူနှင့် friend ဖြစ်နေသည်။သူလားမသိဘူးဟူသော အတွေးနှင့် အကောင့်လေးထဲဝင်ကြည့်တော့ Follower 56k ဆိုလား။
ကိုယ်တောင်မသိခဲ့ friend ဖြစ်နေတဲ့အချိန်ကိုကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၅နှစ်ကပါလား။သူ့ post တွေလည်းတစ်ခါမှမတွေ့ ဆန်းကြယ်မှုကြီးလားပဲ။ကိုယ်လည်းမနေနိုင် သူ့ရဲ့ profile ထဲဝင်မွှေတော့ အလှဓါတ်ပုံတွေတော်တော် ရိုက်တယ်ထင်တယ်။တင်တဲ့ post တိုင်းလည်း Like က 1k ကျော်သည်။အောက်ကိုတိုးရင်းတိုးရင်း လွန်ခဲ့တဲ့ ၈နှစ်က ဓါတ်ပုံလေး။ ၂တန်းကလေးအရွယ်တုန်းကပေါ့ သူ့မွေးနေ့မှာထင်တယ် ကျောင်းမှာလုပ်ပုံပဲ..သူငယ်ချင်းတွေနဲ့ အယ်...!!
"ဒါငါလားဟ"
သူ့ဘေးနားက ကျောင်းစကပ်လေးနှင့် ဆံပင်လေးစီးထားတာ ကိုယ်ဖြစ်နေတာလား။အစိုးရကျောင်းတွင် ငွေရှိရင်အကုန်ဖြစ်သည်ဟူသောစကားသည် မေမေတို့ခေတ်ကတည်းကပင် အဲ့တုန်းကလည်းပြောရရင် သက်နှင်းဝဒီနဲ့ကိုယ်မှာ ပိုက်ဆံအရှိဆုံးလို့ပြောလို့ရသည်၊ကျောင်းတွင် မွေးနေ့ပွဲတွေခမ်းခမ်းနားနား ပြောရရင် မုန့်ကျွေးတာကလွဲပြီးကြန်တဲ့ ကိတ်မုန့်တွေခွဲတာဘာညာလုပ်ခွင့်မရှိသို့သော် သက်နှင်းဝဒီတို့မှာလုပ်ခွင့်ရှိသည်။
"ဒါငါပဲဟ လခွမ်း ရုပ်ကလည်း"
ကိုယ့်ပုံကိုယ်ကြည့်ပြီးရီမိပါသေးသည်။အမှတ်တရဆိုပြီး အမှီ Save လိုက်သည်။ဘယ်လိုဖြစ်ဖြစ်သူ့ Profile ထဲ ကိုယ့်ပုံရှိသည်ဆိုသည်နှင့်ပင် မျောက်ငှက်ပျောသီးရသလိုပျော်နေမိသည်။