Unicode[အပိုင်း-၃]
သူ့ဘက်က စကားစလာတော့လည်း ကျေနပ်မိပါသည်။သို့သော် ဘာပြောရမှန်းမသိတာနဲ့မြန်မြန် မြန်မြန်ပဲထွက်လာရတာပေါ့။အတန်းထဲမှာတော့ လူတွေတောင်စုံလို့ မြန်လိုက်တာ ကိုယ်ဝင်သွားတော့ထုံးစံအတိုင်း အကြည့်တွေကစိမ်းလှသည်။ဟိုဘက်က ရန်လာစတာပါလို့ပြောလည်းအကုန်လုံးက မယုံ၊ဖွား ပြောသလိုပဲ..အမှန်တရားကလူတစ်ယောက်သိရင်ရပြီတဲ့ ပြီးရင် ကိုယ် သိရင်ရပြီတဲ့။ကိုယ့် အမှန်တရားကိုမည်သူကသိမလည်း။ပုံမှန်တိုင်းပဲ ကိုယ့်နေရာကိုယ်ဝင်ထိုင်ပြီး ခပ်တည်တည်စာဖတ်နေလိုက်သည်၊ဘေးနားကထိုင်နေကြ ထက်ဝေတစ်ယောက်က ကိုယ့်ကိုကျော်ပြီးနောက်က ယမင်းရဲ့ဘေးမှာသွားထိုင်တယ်၊အဆန်းကြီးပေါ့ လိုက်ခေါ်တက်တဲ့လူထဲကိုယ်မပါတော့ အေးဆေးပေါ့။
ကျောင်းခေါင်းလောင်းတီးတော့ ဆရာမဝင်လာသည်။
"မင်္ဂလာပါ"
" မင်္ဂလာပါဆရာမ"
"ကဲ ထိုင် ထိုင်"
"ကျေးဇူးတင်ပါတယ် ဆရာမ"
"ဟယ် သမီး ထက်ဝေ နေရာပြောင်းနေတာလား"
"ဟုတ်တယ်ဆရာမ အားနေရန်ဖြစ်နေတဲ့လူနားမထိုင်ချင်လို့"
"ဟ!!"
တစ်တန်းလုံးက အသံတွေထွက်လာကြသည်။သော်တာမဏိဝေ ဒေါသတွေထွက်မလို့ရှိသေး..စကားစလာသောသူကြောင့် ဒေါသတွေမှာ တိမ်စိုင် တွေလိုရွေ့လျားသွားသည်။
"ဆရာမ သမီးနေရာပြောင်းချင်လို့"
"အေ..သမီးဘာလို့လည်း စာမမြင်ရလို့လား"
"သော်တာ့ဘေးသွားချင်လို့"
"သဘောပါကွယ်.."
ပြုံးပြုံးနှင့်လွယ်အိတ်လေးယူကာ ကိုယ့်ဘေးရောက်လာတော့ ကိုယ်လည်းပြန်ပြုံးပြနေမိသည်။
"သမီး အဆင်ပြေပါ့မလား"
"ပြေပါတယ်ဆရာမရဲ့ ၅လလောက်ပဲကြန်တော့တာလေ"
"အေးအေး ကဲ စာအုပ်ထုတ်မယ်"
ဆရာမလည်း စာသင်ဖို့အတွက်အရေးကြီးတာကြောင့် စာသင်လိုက်သည်။သို့သော် ကြောင်ကြောင်အအဖြစ်နေသူမှာ သော်တာမဏိဝေဖြစ်သည်။သူ့အနားကို ဒီလိုလူကိုပြောရရင် မလာလေကောင်းလေပဲ၊သူ့ကြောင့်မပျက်စီးစေချင်ဘူး ဒီလိုလူလေးကို..။