(၁၁)

156 8 0
                                    

[Unicode] အပိုင်း-၁၁

ကြမ်းပြင်တွင်ညကတည်းကအိပ်​​ပျော်သွား​သော ​သော်တာမဏိ​ဝေတစ်​ယောက် ​အေးလွန်း၍ရင်ဘတ်တွေပင်နာ​နေ​လေသည်။

"အမ​လေး နာလိုက်တာ"

ငြီးငြူသံ​လေးဖြင့်ထလာကာ ​ရေချိုးခန်းထဲဝင်လိုက်ပြီးရေချိုးလိုက်သည်၊​​​ကျောင်းသွားဖို့ အစီအစဥ်မရှိတာမို့လို့ အိမ်မှာအခန်းတွင်း​အောင်းဖို့သာစီစဥ်သည်။မည်သူနှင့်မှလည်းစကားမ​ပြောချင် ရင်ဖွင့်တက်သည့်အကျင့်လည်းမရှိတာမို့လို့ တစ်​ယောက်တည်းသာခံစားရဦးမည်၊မနက်စာ​တော့ငတ်လို့မရပင် Mini fridge ထဲမှ နွားနို့တစ်ဗူးနှင့်အ​ပေါ်မှတင်ထား​သော ​ပေါင်မုန့်ခြင်း​လေးထဲမှ ​ချော့ကလက်ယိုနှင့်ဂွတ်​မောနင်း​ပေါင်မုန့်တစ်ထုပ်ယူကာ အိပ်ယာ​ပေါ်သို့..။​ဖေ​​ဖေနှင့်ငယ်ငယ်တုန်းက အိပ်ယာ​ပေါ်တွင်မုန့်တူတူစားခဲ့သည့်အချိန်​တွေကိုလည်းသတိရသည် ခု​တော့သူ့​နောက်အမျိုးသမီးနဲ့အဆင်​ပြေ​နေ​ရော​ပေါ့။

"ဟူးး ဒီ​နေ့ဘာ​တွေလုပ်ရမလည်း၊ငါဒီလို​ရှောင်​နေတာအရမ်းသိသာသွားလားမသိဘူး။မသိသာ​လောက်ပါဘူး​​နော်.."

ဖွားတို့နဲ့လည်း ၄လ​လောက်​နေမယ်ဆိုပြီး ၁၀ရက်​လောက်သာ​နေဖြစ်သွားသည်​ကျောင်းပြန်ဖွင့်တာနှင့်ပြန်မလာလိုက်​သော​ကြောင့်ဖြစ်သည်။ဖွားက သူအပန်း​ဖြေဖို့လာတာပါပဲ ​တွေ့လည်းခဏ​ဖြစ်သည်။ဖွား ခုဆိုနိုး​လောက်ပြီအထင်နှင့်ဖုန်းဆက်လိုက်သည်။

"ဟယ်လို..ဖွား နိုးပြီလား"

"​အေး နိုးပြီ​ပေါ့..ဒါနဲ့​ကျောင်းမသွားဘူးလား"

"ဟုတ်တယ် မသွားချင်လို့"

"​သမီးပဲ​ပြော​တော့ ဖွားကိုအ​ပေးအယူလုပ်ထားတာ​လေ ​မေ့​နေသလား"

"ဖွားရယ် ရချင်မှလည်းရ​တော့မှာ"

"ဟယ် အဖွားကရယ်ချင်တာပေါ့ အမ​လေးဟယ်"

ဖွားကရယ်​ချင်တော့သူလည်း ရယ်ချင်မိသည်။

"တကယ်​ပြော​နေတာ ပျင်းလာပြီစာလည်းမလုပ်ချင်ဘူး"

"သမီးအခု G-9 မလား"

"ဟုတ်တယ်"

"သမီးရဲ့အိမ်မက်ကဘာလည်း သမီးသိပြီလား"

အသက်တည်ရာWhere stories live. Discover now