(၁၀)

200 9 3
                                    

[Unicode] အပိုင်း-၁၀

သူ့ကိုယ်သူဘာလုပ်မိမှန်းမသိသည့် သက်နှင်းတစ်​ယောက် ဘုရားစင်​​ရှေ့သို့သွားပြီး ဆု​တွေ​တောင်း​နေ​လေသည် အ​မေကထွက်လာ​တော့ သက်နှင်းကိုကြည့်၍​ကြောင် အအဖြစ်​နေ​လေသည်။

"တပည့်​တော်ကို ဘုရား..​ယခုဖြစ်သွား​သော ကိစ္စ၏အ​ကြောင်းအမှန်ကိုသိရပါလို၏"

မျက်စိ​တွေမှိတ်ပြီး ဆု​​တောင်း​နေ​သောသက်နှင်းတစ်​ယောက် ဘုရားခန်းအပြင်မှရပ်ကြည့်​နေ​သော အ​မေ့အားမြင်ပြီး..

"အမေ အ​မေသမီး​မေးဦးမလို့"

"အမ​လေး ​မေးပါ့​တော်"

အခန်းထဲ​​တောင်မဝင်နိုင်ဘဲ ဘုရားခန်း​ရှေ့မှာတင် အ​ရေးတကြီး​မေး​နေ​သော သက်နှင်းအား အ​မေကြည့်၍ပြုံး​နေ​လေသည်။

"လူတစ်​ယောက်ကို ကိုယ်သ​ဘောကျတဲ့လူအ​ကြောင်း​ပြောတာမှားလား"

"မမှားပါဘူး ဘာလို့"

"သူ့ကို​ပြောပြလိုက်တာ သူက တစ်မျိုးဖြစ်သွားတယ်ဆိုရင် အဲ့တာဘာလို့လည်း"

"​​အော်..သမီးကဘယ်လို​​ပြောမိသွားလည်း ဒါမှမဟုတ် သူက အဲ့​ပြောတဲ့သူကို သ​ဘောကျ​နေလို့​နေမှာ​ပေါ့"

"ဟာ..မဖြစ်နိုင်တာ"

"အာ့ဆိုလည်း တစ်မျိုး​နေမှာ​ပေါ့ ဘာစိတ်ကူး​တွေ​ပေါက်သွားတာတုန်း မိဝဒီ​ရေ.."

"​​အဖေ့ကိုပဲ သွား​မေး​တော့မယ်"

"သ​ဘောပါ​တော်.."

​အ​​​မေ့ကိုထားခဲ့ပြီး ​အ​ဖေရှိရာအခန်းဆီသို့..၊အခန်းထဲဝင်သွား​တော့ အ​ဖေကကုတင်​ပေါ်တွင်ဖုန်းသုံး​နေသည် ​ကုတင်​ပေါ်ကို​​ပြေးတက်လာတဲ့သက်နှင်းကိုမြင်​တော့ ​ဖေ​ဖေကဖုန်းကို​ဘေးချပြီး သက်နှင်းကိုကြည့်​လေသည်။

"အ​ဖေ့ကို​မေးစရာရှိလို့.."

"​မေး"

"လူတစ်​ယောက်ကို ကိုယ်သ​ဘောကျတဲ့လူအ​ကြောင်း​ပြောလိုက်တာ သူက စိတ်တိုသလိုဖြစ်သွားတယ်ဘာလို့လည်း"

အ​ဖေက သက်နှင်းအ​ပြောကိုကြည့်ပြီးရယ်​လေသည်၊ဘာကို​တွေးရယ်မှန်းလည်း သက်နှင်းမသိ။

အသက်တည်ရာTahanan ng mga kuwento. Tumuklas ngayon