(၂၄)

141 7 0
                                    

Unicode [အပိုင်း-၂၄]

​ဒေါက် ​ဒေါက် ​ဒေါက်

​သော်တာ ဧည့်ခန်းက​နေအ​​ပြေးထပြီး တံခါးဖွင့်​ပေး​တော့ သက်နှင်း​ကိုမြင်လိုက်ရ​တော့မှ ​အေးသွားသည်။အပြင်မှာလည်း အ​အေးဓါတ်မှာစိမ့်​နေပြီ။​သက်နှင်းက​တော့ ​ဂေါင်ဝန်အနီ​လေးကိုမှ ဆွယ်တာအဖြူ​လေးထပ်ထားသည်။

"အသက်​ရေ ငါစိတ်ပူ​နေရတာ ညည့်နက်​နေပြီ"

"အ​မ​လေးအဲ့​လောက်လည်းမဟုတ်​သေးပါဘူး"

"မ​အေးဘူးလား ​ဂေါင်ဝန်ကလည်းပါးပါး​လေးဆွယ်တာ​လေးနဲ့ဟမ် လာအခန်းထဲလိုက်ခဲ့"

"​နေပါဦး ငါအထုပ်​လေး​တွေ​နောက်​ဖေးသွားထားဦးမယ်"

"ဘာ​တွေလည်း"

"​သော်တာနင်​မေ့​နေတာလား ခရစ်စတ်ကသဘက်ခါ​လေ ငါနည်းနည်းပါးပါးချက်​ကျွေးမလို့ ပြီး​တော့ နယူးရီးယား ရှိ​သေးတယ်"

"နင်ကဘယ်လိုလုပ်မှာ"

"အ​​ဖေပြန်လာ​တော့မှာမနက်ဖြန်ဆိုရင် အ​​ဖေတို့ Anni ​နေ့​လေ အမ​လေးငါကဖယ်​ပေးရဦးမယ် ငါနင်နဲ့လာ​နေမလို့ သူတို့ကလည်း ခရီးထွက်မလို့တဲ့ငါ့​ခေါ်ပါတယ် ငါက သိတယ်မလားလူ​တွေရှုပ်လို့ပိတ်ရက်​တွေကဆက်​နေ​တော့ မလိုက်ဘူး​သော်တာနဲ့ပဲ​နေမှာလို့​ပြောလိုက်တယ် ငါမနက်ဖြန်က​နေလာ​နေမှာ"

"အ​တော်ပဲ ခင်ယွန်းကလည်းဒီတစ်ညပဲတဲ့"

"ဟုတ်လား ​တိုက်ဆိုင်မှုကြီး​ပေါ့"

"အခု​တော့လိုက်ခဲ့ဦး ငါ့အ​နွေးထည်လိုက်ဝတ်"

"​အေးပါဟ"

လက်ထဲမှအထုပ်​တွေကိုချလိုက်ပြီး ​သော်တာအခန်းထဲလိုက်သွား​တော့ သူက ဟူဒီတစ်ထည်ထုတ်​ပေးသည်။ဟူဒီကအရမ်းကြီးလို့ သက်နှင်း​တောင်နစ်ဝင်သွား​တော့မည်။

"လှတယ်"

ပြုံးပြီးသက်နှင်းကို​ပြော​တော့ ​သက်နှင်းရယ်လိုက်သည်။အခန်းထဲ​နေပြန်ထွက်လာပြီး​အောက်ထပ်ဆင်း​တော့ ဒုတိယအထပ်မှာ ခင်ယွန်းနှင့်​တွေ့​လေသည်။

"​သော်တာ ​အော်..နင့်သူငယ်ချင်းလား ​နေပါဦး ဟို ဟို T မလား"

အသက်တည်ရာOnde histórias criam vida. Descubra agora