(၂၃)

92 5 0
                                    

Unicode [အပိုင်း-၂၃ ]

"ဟယ်လို ​သော်တာ​ပြော"

"အခုဘာလုပ်​နေတာလည်း"

"နင်ကပြန်သွား​တော့ ငါပန်းကန်​ဆေး​​နေရတာ​​ပေါ့"

"မဟုတ်ဘူး ငါ​လေခင်ယွန်းကို အိမ်မှာပဲတည်းခိုင်းမလို့"

"ဟမ်"

"လှမ်း​ပြောပြတာ အိမ်မှာဘယ်သူမှမရှိမှန်း ငါလည်းမသိဘူး ခင်ယွန်းလည်းသက်သက်ပိုက်ဆံမကုန်​တော့ဘူး​ပေါ့"

"နင့်သ​ဘော​လေ ငါ့အိမ်မှမဟုတ်ပဲ"

"​ပြောပြတာပါ အသက်ရဲ့"

"ဟုတ်ပါပြီ ဒါဘဲ​နော် ပန်းကန်​ဆေး​နေလို့ ညမှလိုင်းတက်လာမယ်"

ရယ်သံပါနှင့်သက်နှင်း​ပြောလိုက်သည်၊သူ့ကိုအရာရာလိုက်တင်ပြ​နေတာ ​သော်တာ့ကိုက​လေးတစ်​ယောက်လို့သာသက်နှင်းမြင်မိသည်။

"တာ့တာ"

သက်နှင်းကို​ပြောပြီးပြီဆို​တော့ ခင်ယွန်းကိုဖုန်းဆက်ရန်ပဲရှိ​တော့​လေမည်။

"ဟယ်လို ခင်ယွန်း"

"​အေး​ပြော"

"နင်ဘယ်နားမှာလည်း"

"ငါလား ထမင်းပါစား​မလို့ ဆိုင်လိုက်ရှာ​နေတာ ပြင်ဦးလွင်​တော့​ရောက်ပြီ"

"နင် ဟိုတယ်က booking လုပ်ပြီးသွား​ရောလား"

"မလုပ်က​သေးဘူး ဘာလို့လည်းလူများလို့လား ​အေးဟငါ​မေ့​နေတာ ပိတ်ရက်ဆို​တော့လူများမှာပဲ"

"မလုပ်က​သေးရင် ငါ့အိမ်လာခဲ့"

"တကယ်လား ​တင်​ကျွေးမယ်​ပေါ့"

"​အေး​ကျွေးရမှာ​ပေါ့ ဒီသူငယ်ချင်း​လေးပဲရှိတာ"

"​နေပါဦး ဘယ်လိုလာရမှာလည်း"

"ငါလာ​ခေါ်မယ် နင်အခုဘယ်မှာလည်း"

"ငါလား အခု​တော့ မြို့ထဲမှာနာရီစင်နား​​ရောက်​နေပြီ"

"​​စောင့်​နေငါလာခဲ့မယ်"

"​အို​ကေ"

ဖုန်းချပြီး အိမ်တံခါး​တွေကို​သေချာပိတ်ကာ ​မီး​တွေပါပိတ်လိုက်၏။လူမရှိပဲမီး​တွေဖွင့်ထားပြီးအရူးလိုပဲ စိတ်ညစ်ဖို့တကယ်​ကောင်းသည်ဟု ​သော်တာမြင်သည်။​သော်တာလည်း ခရီးပန်းတာနှင့်​တော်​တော်​တောင်နှုံး​နေရှာပြီ။သို့​သော်လည်းဧည့်ဝတ်​တော့​ကျေရမည်မလား။တစ်ခါတည်း ထမင်းပါဝင်​ကျွေးလိုက်သည်။

အသက်တည်ရာWhere stories live. Discover now