(၃၀)

189 14 0
                                    

Unicode [အပိုင်း-၃၀]

ဦးမင်းလူအိမ်ကိုသွားနေသည်မှာ ၄ခေါက်လောက်ရှိပြီဖြစ်သည်၊ရောက်တိုင်းလည်း အိမ်ထဲမှအမျိုးသမီးကြီးမောင်းထုတ်သည်ကိုပဲ သော်တာတို့သူငယ်ချင်းနှစ်ယောက်ခံရမြဲပင်၊နောက်တော့သော်တာလည်းမသွားဖြစ် အဖွားလည်းကူညီချင်ပေမယ့်သူ၏အလုပ်တွေကြောင့် မအားသဖြင့်ပြင်ဦးလွင်ဘက်လည်းမတက်လာနိုင်သေးချေ။

သက်နှင်းဆေးရုံဆင်းပြီးသည်မှာလွန်ခဲ့သည့် ၃ရက်ကတည်းကပင်၊သို့သော်သူသွားမကြည့်မိ၊ကျောင်းကိုမသွားသည်မှာလည်းသက်နှင်းဆေးရုံတက်ကတည်းကဆို ၅ရက်လောက်ဖြစ်နေလေပြီ၊သူဒီနေ့တော့ကျောင်းသွားဖို့ဆုံးဖြတ်ထားသည်။

ကျောင်းပိတ်ရက်ကတည်းကဆိုရင်ကျောင်းကိုမရောက်တာကြာနေပြီဖြစ်သည်။ကျောင်းဝင်းမှာတော့အခုထိမပြောင်းလဲ ပြောင်းလဲတာသူပဲဖြစ်နိုင်သည်။အတန်းသို့လမ်းလျှောက်တော့ အနောက်အပေါက်မှလာသည့်အတွက် အခန်းထဲမဝင်ခင် သူသက်နှင်းကိုတွေ့လိုက်ရသည်၊ရုပ်ရှင် ဇာတ်ကားတွေထဲကလိုလည်း မုန်းအောင်လုပ်ပြီးမတွေ့အောင်နေမယ်ဘာညာလည်းသော်တာစိတ်မဝင်စား ကျောင်းပြောင်းဖို့လည်း အာရုံမရှိသောကြောင့် ဒီတိုင်းလေးနေဖို့သာဆုံးဖြတ်ထားသည်။

သက်နှင်းဘေးနားသွားထိုင်တော့ သက်နှင်းမှာလည်းသူ့ကိုလှည့်မကြည့်၊သူလည်းမကြည့် စကားလည်းဘယ်သူ့ဘက်ကမှမစမိကြ။တတိယစာသင်ချိန်ရောက်တော့ သက်နှင်းက စာအုပ်တွေသိမ်းပြီးနောက်တစ်အုပ်ထုတ်နေသည့် သော်တာ့ဘက်ကိုလှည့်ကြည့်သည်။

"ငါ့ကိုဘာလို့စကားမပြောတာလည်း"

"ဟင်"

ဘာမှမသိသလိုပုံစံဖြင့်သူ့ကိုပြန်ကြည့်လိုက်သည်။

"ဘာလို့စကားမပြောတာလည်း..လို့"

"ပြောပါတယ်"

"အခါတိုင်းဆိုနင်ဒီလိုမနေဘူး သက်နှင်းသက်သာလား ဒါမှမဟုတ် တစ်ခုခုမေးမှာ"

"သက်သာလား"

"သော်တာမဏိဝေ!!"

လေသံမြင့်လိုက်တော့ သော်တာသူထုတ်လက်စစာအုပ်ကိုသာထုတ်ပြီးအရှေ့ပြန်လှည့်ထိုင်နေလိုက်သည်။သက်နှင်းကတော့ သူတစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသည်၊ဒါပေမယ့်သူလည်းဘာမှမဆက်မိ။

အသက်တည်ရာWhere stories live. Discover now