(၁၃)

158 11 0
                                    

Unicode [အပိုင်း-၁၃]

"ပျင်းလိုက်တာ.."

စားပွဲခုံ​ပေါ်၌လက်​မောင်း​ပေါ်တွင် မျက်နှာ​လေးကို​ဘေးတစ်​စောင်းအ​နေအထားဖြစ်စကား​ပြော​နေ​သော ​သော်တာ။သမိုင်းအချိန်သည်သူ၏အပျင်းရဆုံးဖြစ်သည်။

"ဆရာမရှင်းပြတာနား​ထောင်​လေ"

"မသိဘူး ပျင်းတယ်ဟာ.."

"​သော်တာမဏိ​ဝေနဲ့သက်နှင်းဝဒီ အ​ခန်းပြင်ထွက်"

"ရှင်..ဘာလို့လဲ ဆရာမရဲ့"

သက်နှင်းရဲ့အ​မေးကို​ဒေါသ​တွေအပြည့်နဲ့ဆရာမကပြန်​ဖြေသည်။

"နင်တို့စကားများ​နေတာ​လေ ငါစာသင်ရတာအာရုံမပျက်ချင်ဘူး ခုထွက်သွား"

ဘာမှမ​ပြောကြပဲ နှစ်​ယောက်သားထွက်သွား​ပေးရသည်၊​ကျောင်းခန်းအ​ရှေ့တွင်ထား​ပေးထား​သော ဆိုဖာ အနက်​ရောင်ကြီး​တွေအ​ပေါ် ဇိမ်ဖြင့်အိပ်လို့ရသွားသည်။

"အမ​လေးး ​ကောင်းလိုက်တာ"

ဝုန်း ကနဲ့ဆိုဖာ​ပေါ်သို့အိပ်ချလိုက်​သော ​သော်တာ၊သက်နှင်းလည်း ပျင်း​နေတာ​တော့အမှန်ပင် ခုလိုထွက်လိုက်ရ​တော့လည်း​ကောင်းတာ​ပေါ့ဟု​တွေးမိ​သေးသည်။

"ဆရာမကလည်း အား​နေ​ဒေါသကြီးပဲ"

"ဘယ်လိုဖြစ်ဖြစ် ငါတို့ နားလို့ရတာပဲ"

"​အေးပါ..​​​အော်ဒါနဲ့ ငါ့ကိုဘာလို့စကားမ​ပြောတာ အရင်​နေ့​တွေက"

"ငါအလုပ်ရှုပ်​နေလို့"

"ဘာ​တွေရှုပ်​နေတာ"

"ဟိုတယ်ကိုဝင်ကူ​နေတာ စာရင်း​တွေနဲ့ရှုပ်​နေတာပဲ"

"​ဪ.."

စကားလုံး​တွေမရှိ​တော့ ဒီတ်ိုင်းထိုင်တဲ့သူကထိုင် အိပ်တဲ့သူကအိပ်နဲ့ ​သော်တာတို့နှစ်​ယောက်ဇိမ်ကိုကျ​နေကြသည်။

"နင်ငါနဲ့ခရီးမသွားချင်ဘူးလား"

"သွားချင်တာ​ပေါ့ ဒါမဲ့ ငါတို့ကငယ်​သေးတယ်ဟ"

"ပုဂံသွားမလား ပုဂံမှာဖွားဟိုတယ်မှာတည်းမယ် ငါ့အဖေအိမ်တော့မခေါ်ချင်ပါဘူးဟာ၊ နင်သွားလို့ရရင်​ပြော ဒီဇင်ဘာပိတ်ရက်ကြရင်"

အသက်တည်ရာWhere stories live. Discover now