(၁၂)

162 10 2
                                    

Unicode [အပိုင်း - ၁၂]

ရက်နည်းနည်းကြာကြာထိ​သော်တာ ​ကျောင်းမသွားဖြစ် ဖွားနှင့်သာစာရင်းဇယျား​တွေဖြင့်အချိန်ကုန်​နေသည်၊သက်နှင်းနဲ့လည်း စကားမ​​ပြောဖြစ်။ဒီ​​နေ့​တော့​​ကျောင်းသွားမှရ​တော့မည်..စာ​မေးပွဲ​စာ​တွေကကြို​ပေး​နေ​လောက်ပြီ၊​မွေး​နေ့​ရောက်ဖို့​တောင် ၁ရက်သာလို​တော့သည်၊​မွေး​နေ့မှာခရစ်ယာန်မိဘမဲ့​​​ကျောင်းတစ်​​ကျောင်းမှာ သွားလှူဖို့စီစဥ်ထားသည်..။

​အောက်ထပ်သို့ဆင်းလာ​​တော့မည်သူမျှမ​တွေ့ အ​​စောကြီးလည်းရှိ​သေးသည်၊ကိုနိုင်ကို​တွေ့​တော့​မေးကြည့်လိုက်သည်။

"ကိုနိုင် အ​မေတို့မရှိကြဘူးလား"

"​အော်..သူတို့ခရီးထွက်သွားတယ်ဆိုလား ဘယ်သွားမယ်​တော့​ပြောမသွားဘူး မမ​လေးအိပ်​နေ​သေးလို့တဲ့နိုးလာရင် ဖုန်းဆက်လိုက်ပါမယ်တဲ့"

"​​အော်..ဟုတ်ပြီ ဟုတ်ပြီ"

သမီးဖြစ်သူ​မွေး​​​နေ့ကိုဒီလို​ရှောင်ရတာလား?လွယ်အိတ်ထဲကဖုန်းသံကြား​​​တော့ ထင်တဲ့အတိုင်းမာတာမိခင်ဖြစ်​နေပါသတဲ့..

"ဟယ်လို..​​အေး နင်ခုနအိပ်​နေလို့၊ငါတို့ခရီးသွားစရာ​လေးရှိလို့ နင်ကစာ​မေးပွဲနီးပြီဆိုတာနဲ့ငါထားခဲ့တာ ငါတို့ပုဂံမှာ ၁ပတ်​လောက်ကြာမယ်သိလား"

"ဘာလို့ညကမ​ပြောသွားတာလည်းး"

"အလကား​နေ​ပြော​နေစရာလား ခုလည်း​ပြော​နေတာပဲ"

"ဟာမဟုတ်ဘူး​လေ ​ပြောသင့်တယ်လို့မထင်ဘူးလား"

"ဒါဘဲ ဒါဘဲ"

တီ..တီ..

​​သော်တာ​​တော်​တော်စိတ်​ပေါက်သွားပြီး ​ကျောင်းကို ကိုနိုင်ကိုလိုက်မပို့ခိုင်း​​တော့ပဲ ကိုယ့်ဘာသာဆိုင်ကယ်ဖြင့်သာလာခဲ့သည်လမ်းမှာလည်းအရှိန်လွန်ပြီး ကားနဲ့​တောင်ညှိမလိုဖြစ်သွားသည် ​ကျောင်းဝန်းနား​ရောက်​တော့အရှိန်​လျော့လိုက်ရသည်။ဆိုင်ကယ်ရပ်ပြီးဆင်း​တော့ ကန်တင်းထဲက​နေ သက်နှင်းနဲ့​ဘေးနားက ရတီထား ပါပါလာသည်၊စိတ်မကြည်တာ​တွေအကုန် သက်နှင်းအ​ပေါ်​​ရောက်ခါနီး ​​ဒေါသ​တွေကိုထိန်းကာ မမြင်ချင်​​ယောင်​ဆောင်ပြီး အမြန်ထွက်လာသည်။

အသက်တည်ရာWhere stories live. Discover now