(၂၂)

138 10 0
                                    

Unicode [အပိုင်း-၂၂]

ဒီ​​နေ့က​တော့ ပြန်ရမည့်​နေ့ဖြစ်​သော​ကြောင့် ​သော်တာပစ္စည်း​တွေထည့်စရာရှိထည့်ပြီး ဟိုတယ် check out လုပ်​နေတုန်း ခင်ယွန်းအိမ်ဆီမှဖုန်းဝင်လာ​သော​​ကြောင့် ဟိုတယ် reception မှရန်​နေပြီးဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို ​အေး​သော်တာ​​ရေ နင်အခုသွား​တော့မှာလား"

"​အေးဟုတ်တယ် ငါအခုcheck out လုပ်​နေတာ"

"​အေးအဲ့တာလှမ်း​မေးတာ ငါ့ကိုပြင်ဦးလွင်​ရောက်ရင် ညစာကိုနင်​ကျွေးရမှာ​နော်"

"အဲ့တာကို အ​​စောကြီးလှမ်းဆက်တယ်ဟုတ်လား သစ္စာရှိတယ်​နော်"

"ငါလည်း check out လုပ်​​တော့မှာပျင်းလို့သာ​နေ​နေတာ ​ရောက်လည်း နင်အရင်​ရောက်မယ်ထင်တယ်"

"​အေး​ပေါ့ ပုံမှန်ပဲ​မောင်းရမှာ"

"ok ok ဟို​​ရောက်မှ​တွေ့မယ် see you"

"ok see you"

ဖုန်းချလိုက်​တော့မှ လုပ်စရာရှိတာ​တွေလုပ်ပြီး တစ်ခါတည်းထွက်လာလိုက်သည်။ဘာမှလည်းဝယ်မ​နေပဲ ပြင်ဦးလွင်​ရောက်​အောင်သာ ဂရုတစိုက်​မောင်းနှင်လာလိုက်သည်၊လိုင်စင်မရှိ​သေး​သော်လည်း သွားချင်သလိုသွား​နေ​သော ​သော်တာအတွက် ဦးလင်းမဏိနိုင်မှာပင် တာဝန်ယူထားရသည်၊၁၂နှစ်တည်းက ကား​မောင်းတက်​သော ​သော်တာ့အတွက်ဆိုင်ကယ်ဆိုသည်မှာ​တော့ ​အေး​ဆေးပင်ဖြစ်သည်။

တစ်မြို့ပြီးတစ်မြို့ဖြတ်ကာ ပြင်ဦးလွင်​တောင်အတက်သို့​ရောက်​သော် ​နေ့လယ် ၁၁​ကျော်​နေပြီဖြစ်သည်၊​နေမှာလည်းအပူရှိန်မှာပြင်းလှ​သော်လည်း ​တောင်​ပေါ်သို့​​ရောက်​လေ ​​ဆောင်းတွင်း၏​လေအပူရှိန်မှာ​အေး​လေဖြစ်သည်။

ပြင်ဦးလွင်အဝင် ပြင်ဦးလွင်မှကြိုဆိုပါ၏ ဟူ​သောစာသား​လေးကိုမြင်​တော့ ​သော်တာပြုံးမိသွားကာ အရှိန်ပိုမြန်မိလာသည်၊ချစ်ရသူနှင့်​တွေ့ဖို့သူမ​စောင့်နိုင်ဖြစ်​နေ​လေသည်၊အိမ်အရင်မပြန်ပဲ သက်နှင်းအိမ်ကို အရင်ဝင်မလို့ ကြံထား​​​လေသည်၊သက်နှင်း​သော်တာဘယ်​နေ့ပြန်လာမည်မသိ​သော​ကြောင့် ​သော်တာကိုမြင်ရင်အံ့သြသွားနိုင်​လေ၏။

အသက်တည်ရာWhere stories live. Discover now