(၁၉)

177 8 0
                                    

Unicode [အပိုင်း-၁၉]

"Please don't be in love with someone else.."

ဖုန်းသံမြည်သဖြင့်မပွင့်​သေး​သောမျက်လုံးနှင့်သာစမ်း၍ဖုန်းကိုယူလိုက်ပြီးကိုင်လိုက်သည်။

"သက်နှင်း​ရေ ​မောနင်း"

"နင်ရူး​နေလား ​စော​စောစီးစီး"

"ဟင် မ​စော​တော့ပါဘူး အသက်ရဲ့ ညက​စော​စောမအိပ်လို့လား"

"အိပ်တယ် အိပ်တယ် ဒါဘဲမလား"

"​နေ..​နေပါဦးအသက်ရဲ့ ​​မောင်​ပြောဦးမယ်"

"ဘာ​မောင်​တွေဘာ​တွေတုန်း ​စော​စောစီးစီးဟာ ​သော်တာရာ..ငါအိပ်ချင်တယ်လို့.."

"ဘာလို့ပို့စာ​တွေမဖတ်တာလည်း တစ်ခုခုဖြစ်​နေတာလားလို့"

"စာ.."

​သော်တာ​​ပြောမှသက်နှင်းလည်း chat box ​တွေအကုန်ဝင်ကြည့်မိသွား​​တော့ တယ်လီဂရမ်မှာလည်း Unseen စာ၁၀​​စောင်၊မက်ဆင်ဂျာမှာ အ​စောင်၂၀ဆိုပြီးဝင်ထားသည်ကို​တွေ့​တော့သက်နှင်း​တောင်စဥ်းစားမိသွားသည်။'ငါဘာ​တွေလွတ်သွားတာပါလိမ့်'

"​တွေ့ပြီလား"

"ဟင်..မ​တွေ့ပါဘူး မသိဘူး ဘာစာတုန်း"

"​ဟော ထားလိုက်​တော့ စိတ်ဆိုး​နေတာလားလို့​ချော့ရ​သေးတယ်"

"ငါစိတ်ဆိုး​အောင်နင်ဘာလုပ်ထားလည်း"

မကြည်အသံဖြင့်​မေးလိုက်​တော့ ​သော်တာ့ဘက်ကခဏတာတိတ်ဆိတ်သွားသည်။

"မလုပ်ထားပါဘူး လုပ်ထားလည်း စိတ်ဆိုး​ပြေ​တော့"

"အဲ့လိုရလား ဒါပဲအဲ့တာဆို"

"​နေ..ပါဦး ဘာ​တွေဖြစ်​နေတာတုန်းလို့ စကားကိုဘယ်လို​တွေ​ပြော​နေတာ အိပ်ချင်​နေတာလား အဲ့တာဆိုလည်း အိပ်​တော့ ပြီးမှပြန်ဆက်​တော့မယ်​နော် တာ့တာ"

သူ့ဘာသာ​ပြောပြီးချသွားသည် သက်နှင်းလည်းဘာမှ​တွေးမ​နေပဲဆက်အိပ်လိုက်​​​​သော​ကြောင့် ​မေ့လယ်စာ​တွေပါလွတ်ကုန်သည် အ​မေနှိုးလည်းမထ အ​ဖေနှိုးလည်းမထနှင့် ဒီတိုင်းသာထားလိုက်​တော့သည်။

အသက်တည်ရာOpowieści tętniące życiem. Odkryj je teraz