(၂၁)

144 8 0
                                    

Unicode [အပိုင်း-၂၁]

"ဟာ..သူကအဲ့လိုကြီးလုပ်သွားတာလား"

"​အေး​လေ ငါက​စေတနာနဲ့​ပြော​ပေးတာကို သူကိုက သူမှသူဖြစ်​နေတာ"

"မင်းကလည်းသူမှသူ​လေ သူလည်းအဲ့လို​နေမှာ​ပေါ့ ထားလိုက်​တော့ ခု​တော့ ငါလိုက်ပို့မယ်"

ပုဂံမြို့မှာဘယ်အရာကိုအနှစ်သက်သုံးလည်းဆိုရင်​တော့ဘက်​တွေသွားရတာကိုပါပဲ၊လွတ်လပ်မှုအပြည့်ရှိသလိုခံစားရတယ်၊ဘယ်သူမှမရှိဘူး​လေ လက်ညိုးထိုးမလွဲဘုရား​တွေရယ်၊​အပင်ကြီး​တွေရယ်၊မီး​​​ရောင်​ဖျော့​ဖျော့​လေး​​တွေရယ်၊​လေ​ပြေနဲ့ကိုယ်ပဲရှိတာဘယ်​လောက်​​ကောင်းလိုက်လည်း။

ဟိုတယ်ဝန်းထဲပြန်​ရောက်​တော့ ​မှောင်​နေတဲ့​ကောင်းကင်ကြီးနဲ့​လျှောက်လမ်းတစ်​​​လျှောက်မှိန်လင်းလင်း​နေသည့် အဝါ​ရောင်မီး​တွေသာရှိသည်၊သူလည်းတစ်ခါတစ်​လေ ကြိုက်​ပေမယ့် အထီးကျန်ဆန်သလိုပါပဲ။

အခန်းထဲ​ရောက်​တော့ ကုတင်​ပေါ်ပစ်လှဲလိုက်​တော့မှ​သော်တာသတိရသွားသည်၊ဟိုတစ်​ယောက်ဘယ်​လောက်​တောင်စိတ်တို​နေပြီလည်းမသိ၊​သော်တာဖုန်းကိုအမိအရဖွင့်ကြည့်လိုက်​တော့ စာလည်းမပို့ထား မီး​လေးက​တော့စိမ်း​နေသည်၊ဘာ​ပြောရမှန်းလည်း​သော်တာမသိ​သော​ကြောင့် ဒီတိုင်း လိုင်းသုံး​နေစဥ် ​သက်နှင်း share ထားသည့် ပို့စ်တစ်ခုကို​တွေ့လိုက်သည်။သာမန်မဟုတ် စာတစ်​ကြောင်းကိုပါ ​သူ​ရေးထား​သေးသည် "You should listen" မင်းနား​ထောင်သင့်သည်ဆိုတာပင်။

Sza နဲ့ Travis တို့ဆိုထားသည့် open arms ဖြစ်သည်၊​သော်တာလည်း နား​ထောင်ဘူး​သော်လည်း​သေချာမရင်းနီး မြန်မာဘာသာပြန်ပါထည့်ထားတာ​ကြောင့် ​သော်တာလည်းစိတ်ဝင်စားပြီး နား​ထောင်လိုက်သည်၊အရင်ဆုံး air pot ကိုတပ်လိုက်သည်၊စာသား​တွေကိုတစ်​ကြောင်းခြင်းစီအာရုံတစ်စိုက်လိုက်ဖတ်​သည်။

​သော်တာနား​ထောင်ရင်းစာသား​တွေမှာသူနားလည်လာသည်၊အခုသူ့အနားကလူကသူ့ကိုဂရုမစိုက်ဘူး​ပေါ့ အရင်လူနဲ့ပြန်​နေချင်တယ်ဆိုတဲ့သ​ဘောကြီးဖြစ်သည့်အတွက်​သော်တာသ​ဘော​တော့မ​တွေ့ ဘာလို့သက်နှင်းဒီလိုshare တာလည်း​​ပေါ့ သူလည်းရှုပ်​ထွေးမှုကိုသ​ဘောမကျသည့်အတွက်ချက်ချင်းပင် မီးစိမ်း​နေ​သော အ​ကောင့်​လေးသို့ စာပို့မည်လုပ်တုန်း ရှုပ်ပါတယ်​လေဆိုပြီးဖုန်းသာဆက်လိုက်သည်။

အသက်တည်ရာWhere stories live. Discover now