(၅)

232 13 0
                                    

Unicode [အပိုင်း-၅]

အတန်းထဲဝင်သွား​တော့ ​စော​သေးလို့နှင့်တူပါတယ် မည်သူမျှမရှိ​သေး။

"နင်ဘာလို့အ​​စောကြီးလာတာ ခုမှ ၇နာရီပဲရှိ​သေးတယ်"

"နင်လာ​နေကြအချိန်သိချင်လို့​ပေါ့ဟ"

"​နောက်ကြရင်မလာနဲ့..ငါတစ်​​ယောက်တည်း​နေချင်လို့​​​စောလာတာ"

"နင်ကလည်း.."

သက်နှင်းဝဒီ ငိုမဲ့မဲ့ပုံ​လေးနှင့်လုပ်ပြ​တော့ ​သော်တာမဏိ​ဝေ ​နေရခက်သွားသည်။

"ဟာ..လာ လာ ​နော်"

"ဟီးဟီး ဒီလိုမှ​​ပေါ့"

သက်နှင်းဝဒီ၏ ညီညာ​နေ​သော သွားတန်း​လေးများ​ပေါ်သည်အထိပြုံးပြလိုက်သည်။

ဒီ၁လအတွင်း ​သော်တာမဏိ​ဝေနှင့်သက်နှင်းဝဒီတို့ ၂နှစ်​ယောက် ပိုမိုရင်းနီးလာပြီး တစ်​ယောက်ကိုတစ်​ယောက်ကာကွယ်​ပေးသည့် အဆင့်​တွေထိိရောက်ရှိလာသည်။​သော်တာမဏိ​ဝေမှာလည်း သက်နှင်းဝဒီစကားအားနား​ထောင်ပြီး ​တော်​တော်​တောင်လိမ္မာ​နေပြီဖြစ်သည်။​သော်တာမဏိ​ဝေ၏ရင်ဖွင့်ရာမှာသက်နှင်းဝဒီဖြစ်သလို သက်နှင်းဝဒီရင်ဖွင့်ရာမှာလည်း ​သော်တာမဏိ​ဝေပင်ဖြစ်သည်။

"​သော်တာမဏိ​ဝေ!!"

"နည်းနည်းပဲ"

သူ့နည်းနည်းကလည်း တစ်ဝက်​တောင်ကြိုးသွားပြီ။​ရေခဲမုန့်ဆိုင်မှာကြ​တော့မစားဘူးဆိုပြီး လမ်း​ရောက်မှဘာထ​ဖောက်တာလည်းမသိဘူး။

​ရေခဲမုန့်ကန်​တော့အားလု၍အတင်းလိုက်စား​နေ​သော ​သော်တာမဏိ​ဝေအား သက်နှင်းဝဒီစိတ်တိုတိုဖြင့် ထားခဲ့ကာ ထွက်လာခဲ့သည်။

"​နေဦး​လေ ​စောင့်ဦး​လေဟ"

"မ​စောင့်ဘူး!!​နေခဲ့လိုက်"

သူမ လက်အားအတင်းလိုက်ဆွဲ​တော့မှ ကိုယ့်အားလှည့်ကြည့်သည်။​ရေခဲမုန့်စားချင်သည်ဆိုလို့ ဆိုင်သွားပြီး ကိုယ်မစားဘဲ တမင်သက်သက်သူမအား စဖို့ ကိုယ့်အတွက်မဝယ်ဘဲ တစ်ခုတည်းဝယ်လိုက်သည်ဖြစ်သည်။သူမကို ခုတစ်​လော အရမ်း စ လို့​ကောင်း​နေသည်။

အသက်တည်ရာWhere stories live. Discover now