(၁၄)

150 8 0
                                    

Unicode [အပိုင်း - ၁၄]

အပြန်ပြည်ချစ်ဘုရားကိုပါဝင်ဖူးခဲ့​သေး
သည်။လူ​တွေကကြားရက်မို့လို့လူရှင်း​နေပြီး​ကောင်းကင်မှာလည်းကြည်လင်​နေ၏။အိမ်အပြန်ဖွားက အိမ်​ရှေ့မှာပဲချ​ပေးခဲ့တယ် ည​နေ​​စောင်း​နေပြီဖြစ်လို့ ​မှောင်ကာစပျိုး​နေသည်။အိမ်တံခါး​သော့ဖွင့်ကာ အ​ပေါ်ထပ်သို့တက်လာပြီး ပူပျင်းလှတဲ့မြန်မာ
အက်ျီကြီးကိုချွတ်ကာ ​ရေချိုးခန်းထဲသို့..။

​ရေပန်း​အောက်ထဲ၌အလွန်စိတ်သက်သာယာရသည်။မြန်မာအက်ျီကိုကြိုက်​ပေမယ့် ပူ​နေတာကြီးကိုမနှစ်သက်။​ခေါင်းပါတစ်ခါတည်း​လျှော်ပစ်လိုက်သည်၊​ရေချိုးခန်းထဲမှပြန်ထွက်လာ​တော့ ၆နာရီခွဲ​နေ​လေပြီ။​ဆောင်းရာသီ​ဝင်ကာစမှစ၍၆နာရီဆိုလျှင်​မှောင်စပျိုး​နေ​လေပြီ။​ခေါင်းကို​ခြောက်​အောင်သုတ်ပြီး အားသွင်းထားသည့်ဖုန်းကိုယူကာ ဖုန်း​​ကောလ်​တွေထဲဝင်ကြည့်မိသည် ​ဖေ​ဖေသို့မဟုတ်​​မေ​မေများဖုန်း​ခေါ်ထားမလား ဆိုသည့်အ​တွေးနှင့်။

သို့​သော် ဘယ်သူမှမ​ခေါ်ထား​​ချေ၊​မွေး​နေ့​တောင်​မေ့​နေလားမသိ။Facebookထဲမှာ​​တော့ Happy Birthday ​ပြော​ပေးသည့် အမျိုး​တွေနှင်သူငယ်ချင်းအချို့ကို ​​ကျေးဇူးတင်​ကြောင်း Comment ဝင်​ရေး​နေစဥ် ​သက်နှင်းမပါ​ကြောင်း သတိထားမိသွားသည်။

"သူတကယ်​မေ့​နေတာလား..ဟူး.."

သက်ပြင်းချမိသွားသည်..။​​သော်တာ စိတ်​တွေအလွန်ညစ်သွား​လေ၏။

"ငါကသူ့အတွက်ဘာမှမဟုတ်တာ​လေ သူကမှတ်ထားစရာလား​နော့်"

ပြတင်း​ပေါက်အပြင်မှကြယ်​တွေကိုကြည့်ရင်း စကား​ပြော​နေရှာသည်။

"ဒါမဲ့သူမှတ်ထားသင့်တယ်ဟာ.."

​ပြောချင်တာ​တွေ​ပြောပြီး​ခေါင်းအုန်းနဲ့ဖက်အုန်း​တွေကို ကြမ်းပြင်သို့ပစ်ချလိုက်သည်၊စိတ်​တွေလည်း​ပေါက်လာပြီး ငိုချင်လာသည်။​နောက်စိတ်ငြိမ်​အောင် Air Pod ​လေးယူကာ ​Moral of the story ​လေးနား​ထောင်ရင်း မွေး​နေ့တွင် ထိုင်ဖီးလ်​နေရသည့် ​သော်တာတစ်​ယောက်။

"You can think that you're in love.When you're really just in pain"
[မင်းတကယ်နာကျင်​နေတဲ့အချိန်မှာ၊မင်းချစ်မိ​နေတယ်လို့ယူဆလို့ရပါတယ်]

အသက်တည်ရာWhere stories live. Discover now