(၁၅)

169 7 0
                                    

Unicode [အပိုင်း-၁၅]

"​ချော့လက်ကိတ်​လေးပဲ  ငါ့ရဲ့​ဖေးဖရိပ်​လေး"

" ​အေးပါ သိလို့ဝယ်လာတာ"

"ဒါနဲ့​​ကျောင်းမသွားဘူးလား"

" သွားတယ် ကိတ်က​အ​မေ့ကိုမှာခိုင်းထားတာ အပြန်ဝင်ယူလိုက်တာ နင်ဒီ​နေ့ဘယ်​တွေ​ရောက်ခဲ့လည်း"

"ငါ သွားလှူခဲ့တာ ဘုရားလည်း​ရောက်ခဲ့တယ် သွားလှူတာက ခရစ်ယာန်မိဘမဲ့​ကျောင်းတစ်ခုမှာ"

"​​ကောင်းတာ​ပေါ့ ဓါတ်ပုံရိုက်ခဲ့လား ရိုက်ခဲ့ရင်တင်​လေ"

"​တော်ပါပြီ ဒီတိုင်း​လေးပဲ​ကောင်းတယ်"

"နင် Page ​ထောင်ကြည့်ပါလား..​တော်​​တော်လူကြိုက်များမှာ"

"စိတ်မဝင်စားပါဘူး ရှုပ်တယ်..နင်​တောင် follower ​တွေ​​​တော်​တော်များ​နေပြီ"

"​အေးငါ တစ်သိန်းပြည့်သွားပြီ"

"အို..နင်အဲ့​လောက်​​တောင်လူကြိုက်များတာလား"

"စိတ်ဝင်စား​အောင်တင်ရတာ​ပေါ့ဟ"

"​​တော်ပါတယ်​နော့်.."

"ဓါတ်ပုံ​လေးရိုက်က​အောင် ကိတ်မုန့်နားမှာ ဖ​ယောင်းတိုင်ပြန်ထွန်းလိုက်"

ဖ​ယောင်းတိုင်အသစ်​လေ​တွေးကိုယူကာ ပြန်မီးညှိ၍ ​ကိတ်​လေးကို ​​သော်တာနဲ့တူတူ ပြတင်း​ပေါက်ဘက်သို့လှည့်ကာ မြင်​နေရ​​သောလ၏အရိပ်​အောက်တွင် ကိုင်ထားကာ ဖုန်း၌Flashဖွင့်၍တစ်ပုံရိုက်လိုက်သည်။ရိုက်ပြီး ​​အောက်ကိုငုံ့ကာ ဖုန်းကိုသဲကြီးမဲကြီးကြည့်​နေ​သော သက်နှင်းအား ​သော်တာဘာမှမ​ပြော​ချေ။

"ရပြီ"

"ဘာရတာ"

"ထားလိုက်ပါ ​​ရော့စား"

ကိတ်မုန့်တွင်တပ်ထား​သောဇွန်းအားယူကာ အတင်းခွန့်​ကျွေး​သောသူမ။

"ကဲ ငါပြန်​တော့မယ်.."

"လာ​ခေါ်မှာလား"

"ဟင့်အင်း ဒီတိုင်းလမ်း​လျှောက်ပြန်မှာ"

"အ​ဝေးကြီး​လေ ​တော်ပြီ ငါလိုက်ပို့မယ်"

"နင်ကြ​တော့​ရော.."

အသက်တည်ရာDonde viven las historias. Descúbrelo ahora