Chapter - 1.1

8.8K 734 14
                                    

『Unicode 』

အခန်း ( ၁.၁ ) : သေဒဏ်စီရင်ခြင်း

***********************************


1.

ချန်ပေါ်ချောင်ဟာ အာရှပြည်ထောင်စုစစ်အကျဉ်းထောင်၅တွင် သုံးလမျှအချိန်ကုန်ခဲ့သည်။ ထိုကာလအတောအတွင်း သူဟာ ၂၉နှစ်ပြည့်မွေးနေ့ကိုတစ်ယောက်တည်း ကျင်းပခဲ့ရသလို ဖခင်ဖြစ်သူ​၏ ဈာပနကိုလည်း လွဲချော်ခဲ့ပြီး စစ်တပ်​ အရာရှိဟောင်း ခြောက်ယောက်တို့အား ကွပ်မျက်ခဲ့တာကိုလည်း မျက်ဝါးထင်ထင်တွေ့ကြုံခဲ့ရသည်။

သူတစ်ဦးတည်းနေထိုင်ရသည့် အကျဉ်းခန်းသည် သေဒဏ်စီရင်သောနေရာနှင့် သိပ်မဝေးလှ။ ပုံမှန်ဆိုလျှင် စစ်ရာဇဝတ်သားကို အကျဉ်းခန်းထဲမှ ခေါ်ထုတ်သွားပြီးလျှင် သေဒဏ်စီရင်သည့်သေနတ်သံနှင့် သေနတ်သံကြောင့် ငှက်တွေလန့်ကာ အတောင်တဖျပ်ဖျပ်နှင့်ပျံသော အသံများကို ကြားရဖို့ ၁၀မိနစ်သာကြာသည်။ မတိုးတိမ်သော AKM အော်တိုရိုင်ဖယ်က စစ်ပွဲဗုံသံကဲ့သို့ဖြစ်ပြီး အာရှပြည်ထောင်စု အစွန်အဖျား​၏ မြူဆိုင်းနေသော ကောင်းကင်ထက်ဝယ် ပဲ့တင်ခတ်နေတော့သည်။

ခြောက်ယောက်မြောက် အရာရှိကို စီရင်ပြီး နောက်တစ်နေ့ ၊ ဒီဇင်ဘာ ၂၅ရက်မနက်ခင်းတွင် ချန်ပေါ်ချောင် တရားခွင်ဝင်ရတော့သည်။

အကြမ်းထည်ထောင်ဝတ်စုံကို ၀တ်ဆင်ထားလျက် လက်မှာ စတီးလက်ထိတ်ခတ်ခံထားရပြီး သူသည် တရားစီရင်ခန်းတွင် ထိုင်နေကာ တရားလိုရှေ့နေမှ အားတက်သရော စွဲချက်တင်နေမှုတွေကို အသက်မဲ့စွာ နားထောင်နေခဲ့​၏။

တရားရုံး၏အနောက်ဘက်တွင် အာရှပြည်ထောင်စု၏ကင်မရာများ ပြေးလွှားနေကြပြီး အာရှပြည်ထောင်စု​အချမ်းသာဆုံးလူ​၏သားဖြစ်သူ ၊ စစ်တပ်ဗိုလ်မှုးဟောင်း ချန်ပေါ်ချောင်​၏တရားခွင်ကို ပြည်ထောင်စုတစ်ခုလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။

နိုင်ငံတော်သစ္စာဖောက်မှု ၊ ဖခင်အား သတ်ဖြတ်မှုနှင့်တကွ သက်သေသက္ကာယခိုင်လုံသော လူသတ်မှု လေးခု။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now