『Unicode 』
အခန်း ( ၄၀ ) : သဘောမတူခြင်း။
※※※※※※※※※※※※※※※※※※※※
ချန်ပေါ်ချောင် ခန္ဓာကိုယ်ရနံ့ပေါ်တွင် သူ၏ ဖယ်ရိုမုန်းရနံ့ဖြင့် သိပ်သိပ်သည်းသည်း ဖုံးလွှမ်းထားလျက်ပင်။
ကျန်းကျွယ်နှင့် လက်ဆွဲနှုတ်ဆက်ပြီးသော် ချန်ပေါ်ချောင်က ဘာမှမဖြစ်ခဲ့ဖူးသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။သူက မစ္စကျူးနှင့် အကွာအဝေးခြားထားရင်းပင် မိတ်ဆက်ပေးလိုက်လေသည်။ " ဒါက ကျန်းကျွယ်ပါ "
မစ္စကျူးသည် နားဝေတိမ်တောင်ဖြစ်သလိုအသွင်ပေါ်သွားသော်လည်း သူမက မေးခွန်းတွေထပ်မမေးပဲ ကျန်းကျွယ်ကိုအပြုံးဖြင့် ခေါင်းညိတ်ပြလာသည်။
"——ပေါ်ချောင် "
ကျူးဟုန်ရူသည် ဇနီးဖြစ်သူအား ဦးဆောင်၍ မလှမ်းမကမ်းမှ လျှောက်လာခဲ့ခြင်းပင်။ သူက စိတ်အားထက်သန်စွာဖြင့် : " အတန်းဖော်ဟောင်းနဲ့ ကြုံနေတာလား ? "
သူက အနားတိုးလာ၍ ထပ်ပြောပြန်၏ : " မွန်းလွဲပိုင်းတုန်းက ငါ ရှောင်ကျွယ်ကို ကျောင်းတုန်းက မင်းနဲ့ဆက်ဆံရေးကဘယ်လိုလဲလို့ မေးခဲ့သေးတယ်။ "
ကျန်းကျွယ်မှာ ချန်ပေါ်ချောင်က သူ့ကို စိုက်ကြည့်နေသည်အား ခံစားမိသဖြင့် ဂရုစိုက်၍ မျက်လုံးပင့်ကြည့်လိုက်ရာ သူတို့မျက်လုံးချင်းဆုံသွားလေသည်။
မျက်လုံးထဲတွင် ပြုံးရိပ်ရေးရေးဖြင့် ချန်ပေါ်ချောင်က ကျူးဟုန်ရူ၏ စကားအတိုင်းလိုက်၍ ကျန်းကျွယ်ကို မေးလာသည်: " ဟုတ်လား ? မင်း ဘယ်လိုပြောခဲ့တာလဲ ? "
ကျန်းကျွယ်မှာ မိခင်ဖြစ်သူ၏ " မရင်းနှီးပါ " ဟူသောစကားက အတွေးထဲရောက်လာသည့်တိုင် သူ မည်သို့ဖြေရမည်ကို မသိပေ။ သူ ချန်ပေါ်ချောင်အား ကြောင်စီစီလေးကြည့်နေပြီး " ငါ.. " ဟူ၍ စကားထွက်၍ ရပ်ကာ ဆက်မပြောတော့ပေ။
ချန်ပေါ်ချောင်က နောက်ထပ် မေးခွန်းမထုတ်တော့။ သူသည် သူ့ကို စက္ကန့်ပိုင်းမျှ ကြည့်နေခဲ့ပြီး အတွေးနစ်နေပုံရ၏။ သူသတိပြန်ဝင်လာသောအခါ တစ်စုံတစ်ရာ ပြောမည်အပြု ၊ ကျူးဟုန်ရူက စကားကြားဖြတ်လိုက်သည်။
ESTÀS LLEGINT
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Literatura romàntica" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "