『Unicode 』အခန်း ( ၁၀ ) - ဘယ်ကိုလဲ ?
※※※※※※※※※※※※※※※※※※※※
ကလပ်မှထွက်လာသော် ကျန်းကျွယ် အနည်းငယ် စိတ်လွတ်နေခဲ့သည်။
ချန်ပေါ်ချောင်က ဒါကို သိမြင်သည့်ထင် ၊ သူ့ကို ကားမောင်းခွင့်ပြုရန် ကမ်းလှမ်းလာသည်။ ကျန်းကျွယ် သဘောတူလိုက်ပြီး ချန်ပေါ်ချောင့်အား သော့ပေးကာ ခရီးသည်ခုံမှာဝင်ထိုင်လိုက်သည်။
ကလပ်လမ်းမှ ထွက်လာပြီးနောက် ချန်ပေါ်ချောင်ဟာ Safe Houseပြန်မည့်လမ်းသို့ မသွားခဲ့ပေ။ သူဟာ GPSကို ဖွင့်ပြီးမြို့လယ်သို့ မောင်းထွက်လိုက်၏။
" စောလွန်းသေးတယ် " ချန်ပေါ်ချောင်က : " ဘန်ကောက်ကို တစ်ချက်လောက် ရှိုးကြည့်တာပေါ့ "
သူက နေကာမျက်မှန်ဟောင်းကို ပြန်တပ်ထားပြီး ရေဒီယိုမှ သီချင်းဖွင့်လိုက်သည်။ သူတို့နှစ်ယောက်ဟာ ကားငှား၍ဘန်ကောက်တစ်ခွင် ဦးတည်ရာမဲ့ ရှုခင်းလှည့်ပတ်ကြည့်နေကြသော သာမန် ခရီးသွားဧည့်သည်များပမာပင်။
သူတို့ လမ်းဆုံတစ်ခုသို့ရောက်သောအခါ ကျန်းကျွယ်က ယခင်တစ်ခေါက်က ဖြစ်ပျက်ခဲ့တာကို တွေးမိပြီး ချန်ပေါ်ချောင်ကိုပြောလိုက်၏ : " GPSနောက်မလိုက်နဲ့။ အရှေ့မှာ ဒီကားဖြတ်လို့မရတဲ့ လမ်းပိုင်းတစ်ခုရှိတယ်။ ညာကွေ့လိုက် "
ချန်ပေါ်ချောင်က ညွှန်ကြားသည့်အတိုင်း မီးဖွင့်လိုက်ပြီး ကျန်းကျွယ်ကိုမေး၏ : " မင်းက ဘန်ကောက်ကို မကြာခဏလာဖြစ်လား ? "
ကျန်းကျွယ် : " ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက မကြာခဏလာဖြစ်တယ် "
တမြန်မနှစ်နှင့် မနှစ်တုန်းက သူ ကြိမ်ဖန်များစွာလာခဲ့ရ၏။ဟာရီဆန်က သူ့ကို ဆေးခန်းတစ်ခုနှင့် မိတ်ဆက်ပေးခဲ့ပြီးသူက ဒေါက်တာကို လာ,လာတွေ့ခဲ့သည်။ သို့သော် ခံစားခဲ့ရတာ များသည့်အပြင် ရောဂါကလဲ ယခုထက်ထိ အပြည့်အဝမသက်သာသေးပေ။
" သူ့ကို လာတွေ့တာလား ? " ချန်ပေါ်ချောင်က မေးသည် " မဟုတ်ရင်လဲ လူကြီးရှိုးလာကြည့်တာလား ? "
JE LEEST
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romantiek" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "