Chapter - 25

3K 486 16
                                    

『Unicode 』

အခန်း ( ၂၅ ) : ကတိများ။

※※※※※※※※※※※※※※※※※※※※


ချန်ပေါ်ချောင်​၏ဆံပင်အရောင်သည် ကျန်းကျွယ်ကဲ့သို့ပင် ; သူတို့နှစ်ဦးလုံး လုံးဝအနက်ဖြစ်ပေငြား အရှည်ကတော့ ကျန်းကျွယ်ထက် ပိုတို​၏။ ဆံသားကမူ ကျန်းကျွယ်ထက် ပိုထူ၍ပိုကြမ်းသည်။ ညာဘက်နားဘေးရှိ ခြစ်ရာတစ်ခုမှ အပ သူ့မျက်နှာထက်တွင်အမာရွတ်မရှိသလောက်ပင် ; အမြောက်ဆန်ထိရာမှ ဖြစ်လာဟန်တူ​၏။အကယ်၍ ချန်ပေါ်ချောင်သာသားသားနားနားဝတ်ဆင်ထားပါလျှင် မည်သူကမှ သူ့ကိုယ်ပေါ်တွင် ဤမျှအမာအရွတ်များလိမ့်မည်ဟု ထင်ကြမှာမဟုတ်ပေ။

သူတို့တွေ အိပ်ရာထက်မှာ လှဲရင်း ကျန်းကျွယ်သည် ကိုယ်ကို ကွေးလျက် ချန်ပေါ်ချောင်နှင့် မျက်နှာချင်းဆိုင်လိုက်​၏။

အခန်းက အလွန်မှောင်လွန်းနေသည်ဟုပဲ ခံစားရ၍ပေလားမသိ ချန်ပေါ်ချောင်သည် ဘေးကို လှည့်ကာ အိပ်ရာဘေးရှိမီးအိမ်ကို လှမ်းဖွင့်လိုက်သည်။ ကျန်းကျွယ် မျက်လုံး ပင့်ကြည့်မိရာ ချန်ပေါ်ချောင့်​၏ ကျောပြင်ပေါ်မှ မီးလောင်အမှတ်ကို တွေ့လိုက်ရ​၏။

ချန်ပေါ်ချောင်အား ခြေရာခံစက် ကူထုတ်ပေးချိန်က ကျန်းကျွယ် ၎င်းကို မြင်ဖူးပြီးဖြစ်သော်လည်း ထိုစဉ်က သူ့မှာသေချာကြည့်ချိန်မရှိလိုက်ပေ။ သူ ဖွဖွလေးထိကြည့်ရုံဖြင့်ပင် ချန်ပေါ်ချောင်ထံမှ ယဉ်ကျေးစွာ တားမြစ်ခံခဲ့ရသည်။

အိပ်ရာဘေးရှိ မီးအိမ်က အလွန်မှိုင်းတာမို့ လက်ဝါးဆိုဒ်လောက်အရွယ် မီးလောင်အမှတ်အား ကြောက်စရာကောင်းစွာထင်ဟပ်နေစေ​၏။

ကျန်းကျွယ် လက်လှမ်း၍ ထိကြည့်လိုက်ရာ လက်မောက်မှ ချန်ပေါ်ချောင်တစ်ယောက် အလိုလို တင်းခနဲ့ဖြစ်သွားခဲ့ပြီး အမြန်ပြန်လည် လျှော့ချလိုက်သည်ကို ခံစားရမိ​၏။

ချန်ပေါ်ချောင်သည် အသံတစ်ချက်ပင်မပြုပဲ အသက်ကိုသာ ရှုနေ​၏။ သူ့ကျောပြင်သည် မြင်သာသော ကောက်ကြောင်းများနှင့် သန်မာသည့်ခံစားချက်ကိုပေးစွမ်းသည်။ မှိုင်းပျပျမီးရောင်အောက်ဝယ် ယင်းက လူအများကို စစ်တပ်ထဲဝင်လာစေရန် ဝါဒဖြန့်သည့် ပိုစတာအလားပေ။ အနည်းငယ် ခုံးထွက်နေသော ကြွက်သားများက စစ်မြေပြင်ကိုကိုယ်စားပြုပြီးအမာရွတ်တွေကတော့ ဆုတံဆိပ်တွေပင်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now