『Unicode 』
အခန်း ( ၂၄ ) : ဆေးရုံမှ အရုပ်။
※※※※※※※※※※※※※※※※※※※※
ကျန်းကျွယ်နှင့် ချန်ပေါ်ချောင်တို့ ထိုင်သောနေရာက သိပ်မကောင်းလှပေ။ ထောင့်စွန်မှာဖြစ်သဖြင့် သူတို့ ရှု့ခင်းမမြင်ရ၏။
စားသောက်ဆိုင်တစ်ဆိုင်လုံး၏ အတွင်းအပြင်အဆင်နှင့် ပန်းကန်ခွက်ယောက်တို့သည် အနည်းငယ် ဟောင်းနွမ်းသည်။ကျန်းကျွယ်၏ရှေ့မှောက်၌ တည်ခင်းလာသော ကြွေထည်ပန်းကန်လုံးဖြူပင် ထောင့်မရှိတော့ပေ။ကြွေထည်မျက်နှာပြင်ပေါ်တွင် ခြစ်ရာများက အများအပြားပင်။ စတိခ်ဓားကလဲ အနည်းငယ် တုံးနေသဖြင့် သူ စတိခ့်ကိုဖြတ်သောအချိန်မှာအသားမပြတ်ပဲဖြစ်နေခဲ့သည်။
ချန်ပေါ်ချောင်က ဘာမှမဆိုပေ။ သူဟာ ကျန်းကျွယ်၏ ပန်းကန်ပြားကို ယူသွားပြီး သူ့အတွက် ဖြတ်တောက်ပေး၍ သူ့ရှေ့မှာ ပြန်ထားပေးလာသည်။
ကျန်းကျွယ်မှာ ထိုနေ့က သူတို့နှစ်ယောက် ဘာအကြောင်းပြောခဲ့လဲ ၊ အသား၏ အရသာက ကောင်း၏၊မကောင်း၏စသည်တို့ကို တိတိကျကျမမှတ်မိနိုင်တော့ပေ။ သူတို့ထိုင်ပြီးနောက်မှာ စားသောက်ခြင်းအမှုက ပြီးသွားသကဲ့သို့ ခံစားရသည်။ယင်းသည် မသေချာသေးခင် ကျောင်း၌ စာမေးပွဲဖြေရသကဲ့သို့ဖြစ်နေပြီး မေးခွန်းဖြေရာမှာ သိပ်မကောင်းသလိုခံစားရသည်မျိုး။ စာမေးပွဲခန်းထဲက ထွက်လိုက်သည်နှင့် မေးခွန်းအားလုံးကို မေ့သွားသည့်နှယ်ပင်။
ကျန်းကျွယ်မှာ ငွေသားတွေအားလုံး အသုံးပြုခါနီးဖြစ်နေသဖြင့် တခြား Safe Houseသို့ပြန်ယူဖို့ လိုလာခဲ့သည်။ သူကမူမူးနေခဲ့၍ ချန်ပေါ်ချောင်က မောင်းရတော့၏။
အာရှပြည်ထောင်စုသည် ဘယ်မောင်းဖြစ်သော်လည်း ချန်ပေါ်ချောင်သည် ညာမောင်းဖြင့် အလွန်ကျွမ်းကျင်လေရာဘန်ကောက်၏ ဒီဇင်ဘာလလယ်ကြီး၌ လမ်းတွေကိုဖြတ်၍ အရှိန်မှန်မှန်နှင့်မောင်းနှင်တော့သည်။
မနီးမဝေး လမ်းထောင့်ရှိ စူပါမားကတ်ကြီးတွင် ထောင်ထားသော ဆိုင်းဘုတ်အားအဖြတ် ၊ ကျန်းကျွယ်သည် အလွန်လက်တွေ့ကျသော အတွေးတစ်ခုကို ရုတ်တရက် ရလိုက်၏။ သို့သော် သူ မပြောနိုင်သေးခင် ကားက ပါကင်အဝင်ဝကိုဖြတ်မောင်းသွားချေသည်။
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romance" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "