Chapter - 36

2.8K 510 41
                                    

『Unicode』

အခန်း ၃၆ : ကျန်းမာရေးစစ်ဆေးမှု။

※※※※※※※※※※※※※※※※※※※※



ကျန်းကျွယ်​၏ ခန္ဓာကိုယ်စစ်ဆေးမှုကို နိုင်ငံသို့ ပြန်ရောက်ပြီး လေးရက်မြောက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

ကျန်းကျွယ်​​၏ ထူးခြားသော ခန္ဓာကိုယ်အခြေအနေကြောင့် သူ့အဖေက သူ့ကို စစ်ဆေးရန် ပုဂ္ဂလိကဆေးရုံတစ်ရုံနှင့်ဆက်သွယ်ခဲ့သည်။

ဒရိုင်ဘာက ကျန်းကျွယ်ကို ဆေးရုံခေါ်လာပြီးနောက် ခန္ဓာကိုယ် စစ်ဆေးရေးဌာန၏ အပေါက်ဝတွင် ဆရာဝန်တစ်ယောက်က သူ့ကို ရပ်စောင့်နေခဲ့​၏။ဆရာဝန်​၏မျိုးရိုးက ဟယ့်ဖြစ်ပြီး ကြင်နာတတ်သည့် သက်လတ်ပိုင်းအရွယ်Betaတစ်ယောက်ဖြစ်သည်။ သူက နောက်ပိုင်း ကျန်းကျွယ်ကို ခွဲစိတ်ပေးမည့် ဆေးအဖွဲ့မှဖြစ်ပြီး ဤပုဂ္ဂလိကဆေးရုံတွင်ကိုယ်တိုင်လည်း ရှယ်ယာကိုင်ဆောင်သူ ဖြစ်လေသည်။

ကျန်းကျွယ်​၏ ကိုယ်ရေးကိုယ်တာနှင့် ခွဲစိတ်မှုအပေါ် သံသယများကို လျှော့ချနိုင်ရန် သူက ကျန်းကျွယ်​နှင့် တစ်လျှောက်လုံး အတူလိုက်ပါပေးခဲ့​၏။

မြောက်များစွာသော လုပ်ရိုးလုပ်စဉ်များနှင့် စစ်ဆေးမှုများကို ပြီးဆုံးပြီးနောက် ကျန်းကျွယ်နှင့် ဒေါက်တာဟယ့်တို့ အာထရာဆောင်းအခန်းသို့ ရောက်လာခဲ့သည်။

ဆေးရုံပိုင်ရှင်က အာထရာဆောင်းအခန်းထဲရှိ ဆရာဝန်ကို ကြိုအသိပေးထားတာကြောင့် ဒေါက်တာဟယ့်အတွက် အခန်းဖယ်ပေး​ထားကြ​၏။ ဒေါက်တာဟယ့်က ကျန်းကျွယ်ကို ဆေးကုတင်ပေါ်မှာ လှဲခိုင်းလိုက်သည်။ ပြီးလျှင် သူ့အား အင်္ကျီပင့်၍ ဘောင်းဘီကို ဆွဲချကာ ဗိုက်အောက်ပိုင်းကို ဖော်ထားရန် ပြောလာ​၏။

ကျန်းကျွယ်လည်း သူပြောသည့်အတိုင်းလုပ်လိုက်ပြီး အောက်ငုံ့၍ ဒေါက်တာဟယ့်က ခပ်အေးအေးအကြည်ရောင်ဂျယ်များကို သူ့ဗိုက်ပေါ် သုတ်လိမ်းပေးနေသည်အား ကြည့်နေလိုက်သည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now