Chapter - 32

3.1K 475 38
                                    

『Unicode』

အခန်း ( ၃၂ ) : လှိုင်းမူးခြင်း။

※※※※※※※※※※※※※※※※※※※※



ချန်ပေါ်ချောင်သည် လက်ပိုက်၍ နံရံကိုမှီပြီး ကျန်းကျွယ်ဆုံးဖြတ်ချက်ချတာကို စောင့်နေလိုက်သည်။

ဖြုံရလောက်သည့် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ကျန်းကျွယ်ဟာ ဖျော်ဖြေရေး ကြော်ငြာစာကို ဖြည်းဖြည်းချင်းသာလှန်နေပြီး ချန်ပေါ်ချောင်တစ်ယောက် စိတ်မရှည်တော့ပဲ သူ့ထံမှ ကြော်ငြာကို ဆွဲယူသွားဖို့ မျှော်လင့်နေမိ​၏​။

ငါးမိနစ်ကြာသောအခါ ချန်ပေါ်ချောင်က ဆိုသည် : " ထားလိုက်တော့ ၊ ငါလုပ်လိုက်မယ် "

ထိုသို့ကြားမှ ကျန်းကျွယ်က ချက်ချင်းခေါင်းမော့လာ၍ ချန်ပေါ်ချောင့်လက်ထဲ ကြော်ငြာထိုးပေးကာ ဆိုသည် : " ကောင်းပြီ "

ချန်ပေါ်ချောင်သည် ယူလိုက်ပြီး ငုံ့ကြည့်ကာ ကျန်းကျွယ်အား ရယ်ချင်မူးတူးဖြစ်နေသကဲ့သို့ တစ်ချက်ကြည့်လာပြီး : " မင်းက ကာစီနိုမိတ်ဆက်ထားတာကို ကြည့်နေတာပဲ "

သူဟာ အရှေ့ကိုလှန်၍ တစ်စုံတစ်ရာပြောတော့မည်ပြုသည်။ ကျန်းကျွယ်မှာ သူ နောက်ထပ်မေးခွန်းထုတ်လာမည်ကို စိုးသဖြင့် ချက်ချင်း ရှေ့နောက်မကြည့်ပဲ ပြောလိုက်​၏ : " ငါလုပ်နိုင်တယ် " သူဟာ ချန်ပေါ်ချောင့်ကို ခယသလိုလေးပင် ပြုံးပြရန်ကြိုးစားလိုက်သေးသည်။

ချန်ပေါ်ချောင်မှာ အလွန်ကကူကယ်ရာမဲ့နေသည့်နှယ်။

" ကောင်းပြီ ငါမင်းကို ထပ်မမေးတော့ပါဘူး "

ထို့နောက်သူသည် ဟိုတယ်ကို အမြန်ရွေး၍ တီဗွီဘေးမှာထားသော အင်တာကွန်ဖုန်းကိုကောက်ကာ စားပွဲဝိုင်းတစ်ခု ချိန်းဆိုလိုက်သည်။

အင်တာကွန်ထဲရှိ ဖြေဆိုသူက အသံကျယ်တာကြောင့် ကျန်းကျွယ်မှာ ဆန့်ကျင်ဘက်မှ ဝန်ဆောင်မှုကောင်တာကို ပြောနေတာဖြစ်ကြောင်း အိပ်ရာပေါ်ထိုင်နေရင်းပင် ကြားနိုင်လေသည်။ဧည့်ကြိုခုံက စားသောက်ဆိုင်မှာ နောက်ဆုံးတစ်ခုံနေရာသာကျန်တော့ကြောင်း ပြောကြားလာ​၏။ ချန်ပေါ်ချောင်နှင့် အတူ ညစာစားချိန်ကို အတည်ပြုပြီးနောက် သူတို့ဟာ ဝင်ဖို့ဝတ်စုံပြည့်ဝတ်ဆင်ရမည်ဖြစ်ကြောင်း သတိပေးလာသည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now