Chapter - 38

2.9K 522 14
                                    

『Unicode』

အခန်း ( ၃၈ ) : ဉာဉ့်နှောင်းပိုင်း ဖုန်းခေါ်ဆိုမှု

※※※※※※※※※※※※※※※※※※※※




ဒေါက်တာက ကျန်းကျွယ်အား ခန္ဓာကိုယ်အခြေအနေအားလုံး တည်ငြိမ်သွားသည်အထိ စောင့်ပြီးမှ ဆေးရုံကဆင်းရန်အကြံပြုလာ၍ သူဟာ အထူးကြပ်မတ်ဆောင်တွင် လဝက်မျှ နေထိုင်ခဲ့သည်။

အဆိုပါရက်များ​၏ ညဘက်များတွင် သူ့အမေက အထူးကြပ်မတ်ဆောင်ရှိ တခြားအိပ်ခန်းတွင် သူနှင့်အတူနေပေးပြီး သူ့အဖေကတော့ သူထွက်ရလျှင်ရသလို သူနှင့်လာနေပေးလေ့ရှိသည်။

ကျန်းကျွယ်​၏ ကျန်းမာရေးပြန်ကောင်းလာသည်နှင့်အမျှ ချန်ပေါ်ချောင်​၏ ဖုန်းခေါ်ချိန်ကလည်း တဖြည်းဖြည်းမူသေဖြစ်လာ​၏။ အမြဲလိုလို ညနေခင်း ကိုးနာရီ ဝန်းကျင်တွင်ဖြစ်ပြီး စကားဝိုင်းက တစ်ခါတစ်ရံ ရှည်တတ်ကာ ရံဖန်ရံခါမှာတော့ တိုတောင်းသည့်တိုင် နေ့စဉ်နေ့တိုင်းတော့ ဖုန်းပြောဖြစ်ကြလေသည်။

ချန်ပေါ်ချောင်တစ်ယောက် မိသားစု​အတွင်း ကြီးကြီးမားမား ပြောင်းလဲမှုကြောင့် တာဝန်ထမ်းဆောင်ခြင်းမှအငြိမ်းစားယူရန် လျှောက်ထားခဲ့ပြီဖြစ်ကြောင်း မီဒီယာထံ မရောက်မီ ကျန်းကျွယ်က နှစ်ရက်ကြို၍သိခဲ့ရ​၏။

မီဒီယာများနှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသော အာရှပြည်ထောင်စုနိုင်ငံသားများနှင့်စာလျှင် ချန်ပေါ်ချောင်က အလွန်အေးဆေးနေဟန်ပေါ်သည်။

သူက ကျန်းကျွယ်ကို အငြိမ်းစားယူရန် လျှောက်ထားခဲ့ပြီး သူ့အဖေ​၏ကော်ပိုရေးရှင်းမှာ လိုအပ်သည့်ကိစ္စများကိုကိုင်တွယ်နေကြောင်းသာ ပြောပြခဲ့​၏။ အခြေကျသွားပါက သူ ရွေးကောက်ပွဲ ဝင်မည်ဖြစ်သည်။ချန်ပေါ်ချောင်​၏သီးသန့် အခြေအနေကြောင့် လာမည့်၆လအတွင်း စစ်တပ်သို့ပြန်၍ တာဝန်ထမ်းရွက်စရာမလိုအပ်သည့်တိုင် သူ​၏ ဗိုလ်မှုးဟူသော အဆင့်ကြောင့် အငြိမ်းစားယူရန်လျှောက်ထားခြင်းက နှစ်ဝက်နီးပါးကြာမြင့်မည်ဖြစ်​၏။ နိုင်ငံရပ်ခြားသွားသည့်အခါ ခရီးစဉ်ကို အထက်လူကြီးများသို့ သတင်းပို့ဖို့ လိုအပ်နေတုန်းဖြစ်၍ ကျန်းကျွယ်နှင့် တွေ့ဖို့ရာ သိပ် အဆင်မပြေသေးပေ။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now