『Unicode 』
အခန်း ( ၃၀ ) : ရွေးချယ်မှု။
※※※※※※※※※※※※※※※※※※※※
ချန်ပေါ်ချောင်သည် သူ၏ ခရီးဆောင်အိတ်ကိုသယ်၍ ကျန်းကျွယ်နောက်မှ လျှောက်လာခဲ့သည်။
ပင်လယ်လေက ပြင်းလေရာ ကျန်းကျွယ်က ပိန်လွန်းလှသဖြင့် လေတိုက်လျှင် လွင့်ပါသွားတော့မလို ခံစားရသည်။ ဂွမ်းပျော့သားတီရှပ်နက်ပြာမှာလည်း သူ့ကိုယ်နှင့်ကပ်အောင် လွင့်ပါနေခဲ့ရာ ခါးကျဉ်းလေး၏ ကောက်ကြောင်းများ ပေါ်လွင်နေ၏။
ရင်ပြင်၏ မှန်တံခါးကို တွန်းဖွင့်ပြီးသည်နှင့် ကျန်းကျွယ်သည် ချန်ပေါ်ချောင့်အတွက် တံခါးကို သူဝင်လာသည်အထိ ကိုင်ပေးထားခဲ့သည်။
ချန်ပေါ်ချောင်က ကျန်းကျွယ်အနားတိုးကပ်လာသောအခါ ကျန်းကျွယ်ခန္ဓာကိုယ်ပေါ်မှ ဖယ်ရိုမုန်းရနံ့ကို ဖျော့ဖျော့လေးကိုခံစားလိုက်ရသည်။တရုတ်ဆီးသီးခါးရနံ့လေးက ကျန်းကျွယ်နှင့် လွန်စွာလိုက်ဖက်လေ၏။ သူဟာ ခပ်တန်းတန်းရှိပြီးငြီးငွေ့စရာလေးပင်။ဘယ်လောက်ပဲ ကြီးပြင်းလာပါစေ ကျန်းကျွယ်ဟာ ကမ္ဘာကြီးနှင့် ကင်းကွာလျက်ရှိပြီး လက်တွေ့လူမှုအသိုင်းအဝိုင်းအတွင်းသို့ ဝင်ဆန့်ဖို့ငြင်းပယ်တတ်၏။
ချန်ပေါ်ချောင်သည် တစ်ပါးသူများ၏ ဖယ်ရိုမုန်းတွေကို မခံစားတတ်ဖြစ်ခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်တော့ သူကပဲ ကျန်းကျွယ်နှင့် မကြာခဏ နီးနီးကပ်ကပ်နေဖြစ်ခဲ့၍လား ၊ ကျန်းကျွယ်၏ရနံ့ပဲ အရမ်းကောင်း၍လားမသိ ၊ သူဟာ ဆီးသီးခါးရနံ့လေးကိုတော့ မှတ်မိနေခဲ့၏။
" ခေါင်းဆောင်က အဲ့ဒီမှာ " ကျန်းကျွယ်သည် အသာလှည့်၍ ချန်ပေါ်ချောင့်ကို ထောင့်စွန်းတစ်နေရာသို့ ထိုးပြလေသည်။သူ၏ ခြေလှမ်းတွေ ရပ်သွားပြီးမှ စကားကို မြန်မြန်ပြောလာ၏ : " မင်း ပက်စ်ပို့ကို ပြန်ပြပါဦး။ ဒီနေ့ရုပ်ဖျက်ထားတာကမတူနေမှာကြောက်လို့ "
ကျန်းကျွယ်သည် တခြားသူများအပေါ်တွင် စကားပြောအနည်းငယ်အေးစက်တတ်သော်လည်း ချန်ပေါ်ချောင့်ကိုတော့မဟုတ်ပေ။ သူသည် ခက်ထန်သွားမှာကိုပင် သတိထားတတ်ပြီး အမြဲတစေ ယုံကြည်မှုကင်းမဲ့ကာ မဝံ့မရဲဖြစ်တတ်လေသည်။
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romance" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "