Chapter - 37

2.8K 518 22
                                    

『Unicode』

အခန်း ( ၃၇ ) : ခွဲစိတ်မှုမှ ပြန်လည်ကောင်းမွန်ခြင်း။

※※※※※※※※※※※※※※※※※※※※



သမ္မတနိုင်ငံသစ်​၏ မနက်ခင်း ၈နာရီအချိန်တွင် အိုက်ကျားရှီမှာ ထူးဆန်းသည့်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံခဲ့ရသည်။

ထိုစဉ်က သူ မျက်နှာသစ်နေတာဖြစ်ကာ မျက်လုံးတွေကို ရေစွတ်လိုက်ချိန် စင်ပေါ်ရှိ ဖုန်းက ရုတ်တရက် တုန်ခါလာခြင်းပင်။ သူ ခေါ်ဆိုသူကိုပင် မကြည့်မိတော့ပဲ ကောက်၍ ဖုန်းကိုင်လိုက်​၏။

" ဟယ်လို ... ဒါက အိုက်ကျားရှီလား ? " တစ်ဖက်လူက အသံခပ်ဩဩနှင့် အမျိုးသားတစ်ယောက်ပင်။

အိုက်ကျားရှီက တဘက်ယူ၍ မျက်နှာသုတ်ရင်း " ဟုတ်ပါတယ် " ဟု ပြောလိုက်သည်။ သူ မျက်နှာကို ခြောက်အောင်သုတ်ပြီးမှ စခရင်သို့ တစ်ချက်ကြည့်မိရာ နံပါတ်အတန်းလိုက်ကိုမြင်လိုက်ရသည်။ သို့ပါမှ သူ တစ်ဖက်လူအား မေးလိုက်​၏ : " ခင်ဗျားက ဘယ်သူလဲ ? "

" ကျွန်တော့်နာမည်က ဖေရှု့ ၊ ချန်ပေါ်ချောင်ရဲ့သူငယ်ချင်းတစ်ယောက်ပါ " တစ်ဖက်လူက ဆို၍ " ကျန်းကျွယ်က မင်းနဲ့အတူများရှိနေလား ? "

" မရှိပါဘူး " အိုက်ကျားရှီ ပြောလိုက်​၏။ အနှီပုဂ္ဂိုလ်ာ မေးခွန်းက အနည်းငယ် ထူးဆန်းသလို ခံစားရသည်။ မနက်ခင်း၈နာရီတွင် သူနှင့် ကျန်းကျွယ်က စုံတွဲမဟုတ်တာကြောင့် အတူရှိနေနိုင်ခြေက နည်းပါးလွန်းသည်လေ။

ဖေရှု့အမည်ရပုဂ္ဂိုလ်က တခြားတစ်စုံတစ်ရာပြောမည်ပြင်​၏။ သို့သော် သူ ပြောခွင့်မသာသေးခင် ဖုန်းတစ်ဖက်မှ အိုက်ကျားရှီပင် ကြားနေရသော ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာခဲ့သည်။

" ခဏလေးပါ " ဖေရှု့ကပြောလျှင် အိုက်ကျားရှီကြားရသည့်ဖက်မှ ဆူသံတွေကို နားထောင်နေလိုက်​၏။

ဖေရှု့က တခြားလူတစ်ယောက်ကို ဖုန်း ပေးလိုက်သည့်ပုံပါပင်။ အိုက်ကျားရှီက ခဏမျှစောင့်နေပြီးမှ တစ်ဖက်လူကစကားပြောလာ​၏။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now