Chapter - 47

3.3K 569 20
                                    

『Unicode』

အခန်း ( ၄၇ ) : ကျန်းအိမ်သို့ အလည်အပတ်။

※※※※※※※※※※※※※※※※※※※※



ချန်ပေါ်ချောင်၏ သမ္မတနိုင်ငံသစ်သုံးရက်ကြာ ခရီးစဉ်မှာ ပြည့်ပြည့်ဝဝ စီစဉ်ထားခဲ့သည်။

ချန်ပေါ်ချောင်နှင့်ကျန်းကျွယ်တို့ လက်ထပ်ပွဲ​၏ အကြောင်းရင်းအစစ်အမှန်ကို ဖုံးဖိဖို့ဟူသော ကျန်းဖု​၏ မူလတောင်းဆိုမှုအား ဖြည့်ဆည်းရန်နှင့် အပြင်လောကအား ပိုမို စိတ်ကူးစိတ်သန်းရရှိစေရန် ကျန်းကျွယ်​၏ မိသားစုနှင့် မင်္ဂလာရေးဆွေးနွေးမည့်အပြင် ချန်ပေါ်ချောင်သည် မြောက်မြားစွာသော နာမည်ကြီးစီးပွားရေးသမားများဖြင့်လည်း တွေ့ဆုံခဲ့သည်။သူတို့တွေ တွေ့ဆုံ၍ ခရီးစဉ်မတိုင်မီ သဘောတူထားသည်မှာ ကြာပြီဖြစ်သော စာရွက်စာတမ်းတချို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ဟွားစွမ်းအင်​၏ စီးပွာရေးလုပ်ငန်းများကို မြောက်အမေရိကမှ သမ္မတနိုင်ငံသို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

မည်သို့ဆိုစေ နောက်တစ်နေ့မွန်းလွဲပိုင်းတွင်မူ ချန်ပေါ်ချောင်သည် ဆွေးနွေးညှိနှိုင်းရေးများကို တတ်နိုင်သမျှ စောစောအဆုံးသတ်ခဲ့ပြီး သူ​၏ လက်အောက်ငယ်သားများနှင့်သတင်းထောက်များကို ဟိုတယ်တွင် ချန်၍ ကျန်းကျွယ်မိသားစု၏စံအိမ်သို့ သွားခဲ့လေသည်။

​၄နာရီဝန်းကျင် ၊ ချန်ပေါ်ချောင်ထွက်လာစဉ်က ကျန်းကျွယ်ကို မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့သော်လည်း ကျန်းကျွယ်က မမြင်ခဲ့ပေ။

ယခုရက်ပိုင်းတွင် သူ အလွန်အိပ်ချင်နေခဲ့​၏။ ၂နာရီတွင် သူ အိပ်ရာဝင်ပြီး မျက်လုံးမှိတ်သည်နှင့် အိပ်ပျော်ခဲ့သည်။ သူ့အမေလာနှိုးသည့် ၅နာရီအထိ သူ မနှိုးခဲ့ပါချေ။

သူမျက်လုံးဖွင့်လိုက်သောအခါ သူ့အမေအား လှပသည့်ဝတ်စုံရှည်ကို ဆင်မြန်းလျက် ကုတင်နှင့်မလှမ်းမကမ်းတွင်ဝမ်းသာသည့်အမူအရာနှင့်တွေ့လိုက်ရသည်။ " ရှောင်ကျွယ် ချန်ပေါ်ချောင်ရောက်နေပြီ "

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now