『Unicode』
အခန်း ( ၂၁ ) : ချန်ပေါ်ချောင်၏ Type
※※※※※※※※※※※※※※※※※※※※
ယာဂုက အေးနှင့်ပြီဖြစ်သော်လည်း ကျန်းကျွယ်ကတော့ ကုန်အောင် သောက်နေဆဲဖြစ်ကာ ချန်ပေါ်ချောင်သည်လည်းဘေးမှာထိုင်လျက် စကားတစ်ခွန်းမဆိုခဲ့ပေ။
ကျန်းကျွယ် ပန်းကန်လုံးကို ချလိုက်ပြီးမှ ချန်ပေါ်ချောင်က ဆိုသည် : " ငါမင်းကို ထပ်ကူဖြည့်ပေးမယ် "
ကျန်းကျွယ်ကမူ ပန်းကန်လုံးအလွတ်ကိုကြည့်ရင်း အာသီသမရှိတော့သောကြောင့် ခေါင်းခါ၍ ပြောသည် : " ငါ ထပ် မသောက်နိုင်တော့ဘူး "
" တစ်ခွက်တည်းဆို မလုံလောက်ဘူး။ "
ချန်ပေါ်ချောင်၏ အပြုအမူက အလွန်ကောင်းမွန်လာသည်။ သူက ကျန်းကျွယ်ကို နူးညံ့စွာကြည့်နေပြီး ယာဂုပန်းကန်ကိုကောက်ယူလိုက်၏ : " မင်း တစ်နေကုန်အိပ်နေခဲ့တာကို "
မည်သို့ဆိုစေ ကျန်းကျွယ်က မစားချင်တော့သောကြောင့် သူ ထပ်ငြင်းသော် ချန်ပေါ်ချောင်က သူ့ကို ဇွတ်မလုပ်ဖြစ်တော့ပေ။ သူက " မင်းစားချင်လာတဲ့အခါ ငါ ချက်ပေးမယ် " ပြော၍ စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းပြီးမီးဖိုချောင်ထဲယူသွားကာ ဆေးကြောလိုက်သည်။
မီးဖိုချောင်ထဲရှိ ရေသံက ရပ်သွားပြီးမှ ပြန်ထွက်လာ၏။ကျန်းကျွယ်၏ ရှု့ထောင့်အရ သူဟာ ချန်ပေါ်ချောင်၏ ကျောပြင်နှင့် တံတောင်ဆစ်တို့ အသာအယာလှုပ်ရှားနေတာကို မြင်နေရသည်။ နဂိုက သူအဖို့ ချန်ပေါ်ချောင် ပန်းကန်တွေဆေးလိမ့်မည်ဟု ထင်မထားသော်လည်း နောက်ပိုင်းကျမှ တွေးမိသည်က ချန်ပေါ်ချောင်သည် စစ်တပ်ထဲမှာ နေခဲ့တာ ကြာပြီဖြစ်တာမို့ သူမလုပ်နိုင်တာဘာမှ မရှိလောက်ကြောင်းပါပင်။
ကျန်းကျွယ် ခဏမျှ ကြည့်နေလိုက်မိရင်း မနေ့က Safe Houseကို ပြန်လာတော့ သူ ရှေ့လျှောက် ဆေးလိပ်သောက်တော့မှာမဟုတ်ကြောင်းပြောခဲ့တာကို သတိရမိသွားသည်။ မည်သို့ဆိုစေ သူ အလွန်စိတ်အခြေအနေမကောင်းဖြစ်နေသဖြင့် ထရပ်၍ အိမ်အတွင်း အတန်ကြာမွှေနှောက်လိုက်၏။ နောက်ဆုံး ခရီးဆောင်အိတ်၏ အောက်ခြေမှ မီးခြစ်ဆံနှင့်ဆေးလိပ်ကိုတွေ့သွားပြီး ဝရန်တာမှာ ဆေးလိပ်သောက်ရန် ထွက်လာခဲ့တော့သည်။
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
רומנטיקה" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "