Chapter - 26

3K 484 28
                                    

『Unicode 』

အခန်း ( ၂၆ ) : နှင်းဆီများ။

※※※※※※※※※※※※※※※※※※※※



ဖေရှု့သည် ထိုင်းနိုင်ငံတွင် လေးရက်တာမျှ နေထိုင်ခဲ့သည်​။

ပြီးခဲ့သည့်လေးရက်အတွင်းမှာ သူနှင့် ချန်ကျောက်ယန်ချန်ထားခဲ့သည့် အကြံပေးပုဂ္ဂိုလ်များသည် ဝန်ကြီးချုပ်နှင့်လွှတ်တော်​၏ အရေးကြီးပုဂ္ဂိုလ်မြောက်မြားစွာတို့ဖြင့် တွေ့ဆုံခဲ့သည်။ ပြီးလျှင် သင်္ဘောလွှင့်ရာမှာ လိုက်ပါရန် စီစဉ်ထားသော လူလေးယောက်ကို အထောက်အထားအသစ်ပြုလုပ်ပေးကာ ချန်ပေါ်ချောင် ​၏ ညွှန်ကြားချက်တွေအတိုင်း လိုက်ပါခဲ့သည်။

ကျန်းကျွယ်နှင့် ချန်ပေါ်ချောင်တို့ စီးမည့် အပျော်စီးသင်္ဘောဟာ တောင်ဩစတြေးလျတွင် မှတ်ပုံတင်ထားတာဖြစ်သည်။ယင်းက ထိုင်းနိုင်ငံမှ မြောက်အမေရိကသို့ ခုတ်မောင်းမည်ဖြစ်ကာ အာရှပြည်ထောင်စု​၏ ရေပိုင်နက်ကို ဖြတ်သန်းမည်မဟုတ်ပေ။ နိုင်ငံတကာဥပဒေများအရ အာရှပြည်ထောင်စုသည် နိုင်ငံတကာရေပိုင်နက်အထဲတွင် ချန်ပေါ်ချောင်​၏အနောက်သို့ လိုက်ပါလာနိုင်သည့် အခွင့်အရေးမရှိပေ။

မည်သို့ဖြစ်စေ လက်ရှိအာရှပြည်ထောင်စုသမ္မတ ကျောက်ခွင်းက အလွန် ကြီးစိုးခြယ်လှယ်နိူင်သည်။ သူ့မိဘတွေ​၏မိသားစုများက ဩဇာတိက္ကမကြီး​၏။သူ့အဖေသည် ပြည်ထောင်စု​၏ ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ဖူးပြီး ပြည်ထောင်စုအုပ်ချုပ်ရေး၌ နေရာမြင့်မြင့်မားမားရှိနေသော ဆွေမျိုးတွေလည်း များစွာရှိသည်။ မိခင်ဘက်မှမိသားစုက မျိုးရိုးအစဉ်အဆက် အကြီးစား စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လေသည်။ထို့ကြောင့် နိုင်ငံရေးထဲဝင်ကတည်းက ကျောက်ခွင်းက ခလုတ်ကန်သင်း မရှိသလောက်နှင့် ချောချောမောမော လျှောက်လှမ်းနိုင်ခဲ့​၏။

ဤတစ်ခေါက်တွင်မူ ချန်ပေါ်ချောင်အား လိုက်ဖမ်းဖို့အတွက် ကျောက်ခွင်းက အကျိုးဆက်အားလုံးကို လျစ်လျူရှုထားသည်။ သဲလွန်စလေးတစ်ခုရလိုက်သည်နှင့် သေချာပေါက် လှုပ်ရှားမှာပင်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now