Chapter - 9

2.8K 507 27
                                    

『Unicode』

အခန်း ( ၉ ) - ဟာရီဆန်​၏ ကလပ်။

※※※※※※※※※※※※※※※※※※※※



စင်နောက်နှင့် နီးကပ်လာပြီး တံခါးနှစ်ချပ်ကို ဖြတ်လာပြီးနောက် ပွဲခန်းထဲက သီချင်းသံများကို ခပ်ရေးရေးသာကြားရတော့သည်။ လူကြီးရှိုးပွဲဝန်ထမ်းများက ခပ်သုတ်သုတ် သွားလာနေကြ​၏။

ယုန်မလေးက ဟာရီဆန်ကိုရှာရန် သရုပ်ဆောင်အဝတ်လဲခန်းထဲကို ခေါ်ပေးခဲ့သည်။ဟာရီဆန်က အဝတ်လဲခန်းစားပွဲကိုမှီ၍ လှပသောအကသမားတစ်ယောက်နှင့် စကားပြောနေ​၏။

ဟာရီဆန် အာ အိုဝမ် သည် အမေရိကနှင့်အာရှသွေးနှောဖြစ်ပြီး အာရှဘက်ကို ပိုတူသည့် အရပ်ရှည်သောBetaတစ်ယောက်ပင်။

သူ ထိုင်းနိုင်ငံကို ပထမဆုံးရောက်လာစဉ်က ဟာရီဆန်သည် သက်တော်စောင့်အဖြစ် လအနည်းငယ် အလုပ်လုပ်ခဲ့​၏။နောက်ပိုင်း အရေးပါပုဂ္ဂိုလ်တစ်ယောက်​၏ အကူအညီနှင့် သူဟာ ဘန်ကောက်မှာ လုံခြုံရေးကုမ္ပဏီတစ်ခုဖွင့်ခဲ့သည်။နာမည်ကြီးများ၊ ရာထူးရာခံရှိသူများနှင့် သိကျွမ်းလာပြီးနောက်တွင်တော့ သူဟာ လူကြီးရှိုးပွဲစီးပွားရေးကို စတင်ခဲ့​၏။

ကျန်းကျွယ် သူ့ကို အရင်လအစပိုင်းတုန်းကတွေ့ခဲ့ပြီး ဟာရီဆန်အား ထိုင်းနိုင်ငံအတွင်းက သူ့အစီအစဉ်ကို ပြောပြခဲ့သည်။သူတို့နှစ်ယောက် ထိုင်ပြီး အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြ​၏။

ထိုအချိန်က ဟာရီဆန်သည် ကျန်းကျွယ်တစ်ယောက် ချန်ပေါ်ချောင့်ကိစ္စမှာ ဝင်ပါမှာကို လက်မခံချင်သော်လည်း ကျန်းကျွယ်က မရမနေ သွားဖို့လုပ်သောအခါ သူက ကူညီပေးနေတုန်းပါပင်။

ကျန်းကျွယ် ဝင်လာတာကိုမြင်လျှင် ဟာရီဆန်က နှုတ်ခမ်းတွေတွန့်ပြီး စကားပြောမည်အပြု ၊ သူ့နောက်မှာ ချန်ပေါ်ချောင်ရပ်နေသည်အား မြင်သွားလေသည်။

သူ ကြောင်သွားပြီး ကျန်းကျွယ်ကို အံ့ဩတကြီးကြည့်လိုက်​၏။ သူ့နှုတ်ခမ်းတွေက တစ်ခုခုပြောချင်သလို လှုပ်သွားသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်ကာ ယုန်မလေးကို မျက်ရိပ်ပြ၍ အကသမား​၏ လက်မောင်းကို ပုတ်လိုက်ပြီးပြောသည်။ " မင်းတို့ အရင် သွားနှင့်လိုက်ကြ "

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now