Chapter - 4

2.9K 488 27
                                    

『Unicode 』

အခန်း ( ၄ ) : ဖယ်ရိုမုန်း ကစဉ့်ကလျား။

※※※※※※※※※※※※※※※※※※※



မြေပြင်မှ ဆေးရည်တွေနှင့် ဖန်ကွဲစတွေကိုကြည့်ရင်း ကျန်းကျွယ် ပြောစရာမဲ့နေခဲ့သည်။

သူ့ခန္ဓာကိုယ်က အလွန်မတည်ငြိမ်တာပင်။အထူးသဖြင့် လတ်တလောနှစ်တွေမှာ ဖယ်ရိုမုန်းကစဉ့်ကလျားဖြစ်ရပ်က မထင်မှတ်စွာ ဖြစ်ပွားလာတတ်​၏။ ချန်ပေါ်ချောင် ခွဲလိုက်သော ဆေးရည်ဟာ သူ့ထံမှ ကစဉ့်ကလျားဖြစ်ပွားသည့်သက်ရောက်အားကို ချုံ့ပေး၍ သူ့အတွက် အလွန်အရေးကြီးလှသည်။

ခြေရာခံစက် ထုတ်ရာမှာ ချန်ပေါ်ချောင်အား နာကျင်စေမှာ စိုး၍ မဟုတ်လျှင် ကျန်းကျွယ်လဲ ဆေးကို ထုတ်စရာမလိုနေပေ။ နဂိုတုန်းက သူဟာ ချန်ပေါ်ချောင်ကို ဆေးတစ်လုံးထိုးပေးပြီး ဘာမှ ပြဿနာမရှိလောက်ဟု တွေးခဲ့မိတာဖြစ်သည်။မမျှော်လင့်ပဲ ချန်ပေါ်ချောင်က မခန့်မှန်းထားသောနည်းဖြင့် ဘူးတစ်ဘူးလုံးကို ဖျက်စီးပစ်လိုက်​၏။

သို့ပေမယ့် ချန်ပေါ်ချောင်လည်း တမင်လုပ်တာမှ မဟုတ်ပဲ။

ကျန်းကျွယ်သည် တောင်းပန်နေဆဲဖြစ်သည့် ချန်ပေါ်ချောင်ကို ကြည့်ရင်း စိတ်ထဲမှာ ဖြည်းဖြည်းချင်းတွေးနေမိ​၏။

သူ အအေးခံဘူးကို ဖွင့်လိုက်တုန်းက ချန်ပေါ်ချောင် တိုက်မချမိခဲ့တာပဲ ကံကောင်းသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ယခု ခြေရာခံစက်ထုတ်တဲ့အခါ ချန်ပေါ်ချောင် နာကျင်ရတော့မှာမဟုတ်ပေ။

ထိုသို့တွေး၍ ကျန်းကျွယ် နေသာသလို ခံစားရ​၏။သူ စီတီယာရင်ဘီးကို ညွှန်ပြ၍ ချန်ပေါ်ချောင်အား ပြောလိုက်သည် : " ဒါဆိုလဲ ကျောပေးလှဲပြီး မလှုပ်နဲ့တော့ "

မိမိဟာ အမှားလုပ်မိခဲ့မှန်းသိနေ၍ ချန်ပေါ်ချောင်သည် မနက်ခင်းကထက် အများကြီးလိမ္မာသွားသည်။သူက နာခံစွာဖြင့်လက်ပိုက်၍ စီတီယာရင်ဘီးပေါ်မှောက်တင်ကာ ကျန်းကျွယ်ကို ကျောပေးထားလိုက်သည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now