『Unicode 』
အခန်း ( ၃၅ ) : သမ္မတနိုင်ငံသစ်သို့ အပြန်။
※※※※※※※※※※※※※※※※※※※※
မွန်းလွဲ ၃နာရီတွင် အပျော်စီးသင်္ဘော ကမ်းဆိုက်သည်။ ကျန်းကျွယ်နှင့် ချွေ့ချန်ဇယ်တို့ အရင်ဆုံး သင်္ဘောပေါ်မှ ဆင်းခဲ့ကြ၏။
ကျန်းကျွယ်သည် ချွေ့ချန်ဇယ် သူ့ကို သမ္မတနိုင်ငံတော်သစ်သို့ လိုက်ပို့ပေးမှာအား မလိုအပ်ပေ။ထို့ကြောင့် အပျော်စီးသင်္ဘော၏ ဟောခန်းမှာပဲ လုပ်ထုံးလုပ်နည်းများကို ပြီးအောင်လုပ်ပြီး သူ့ပက်စ့်ပို့ကို ပြန်ယူလိုက်ကာ နှုတ်ဆက်စကားဆိုလိုက်တော့သည်။
ထွက်ပေါက်အပြင်ဘက်၌ ခရီးစဉ်ပါ ခရီးသည်များအား မေးမြန်းရန်အတွက် သတင်းထောက်များစွာ စောင့်နေခဲ့သည်။ကျန်းကျွယ်က နေကာမျက်မှန်တပ်၍ နှာခေါင်းစည်းတပ်ကာ ခေါင်းငုံ့ပြီး တခြားခရီးသည်တွေ၏နောက်မှ လိုက်သွားခဲ့၏။
သူ ထွက်ပေါက်သို့မရောက်ခင်မှာပင် အနက်ရောင် ကုတ်အရှည်ကိုဝတ်၍ အိတ်ထောင်ထဲ လက်ထည့်လျက်ရှိသော အိုက်ကျားရှီကို စောင့်ဆိုင်းလူအုပ်ကြီးကြားမှာတွေ့လိုက်ရသည်။ အိုက်ကျားရှီက ဆံပင်အရောင်သစ်ဆိုးထားပြီး အညိုဖျော့ရောင် ဆံမြိတ်လေးများက နဖူးပေါ်တွင် ဝဲလျက်။ မျက်လုံးဝိုင်းကြီးများဖြင့် ယိမ်းထိုးနေသော ပင်ဂွင်းပေါက်လေးပမာလှည့်ပတ်ကြည့်နေခဲ့သည်။
အိုက်ကျားရှီသည် ကျန်းကျွယ်အား ကြိုးစားပမ်းစားရှာပါသော်လည်း ထုံးစံအတိုင်း ကျန်းကျွယ် သူ့ရှေ့တွင်ရပ်၍နာမည်ခေါ်လိုက်မှသာ ခေါင်းမော့ကြည့်ပြီး တုံ့ပြန်လာခဲ့ပါ၏။
ထွက်ပေါက်က အလွန်ကျဉ်းပြီး လူနှစ်ယောက်မျှသာ ဖြတ်သွားနိုင်သည်။ကျန်းကျွယ်၏ အနောက်တွင် ခရီးသည်များစွာရှိသေးသည်မို့ သူ၏ အိတ်ရှုံ့လေးကို လက်တစ်ဖက်ဖြင့်လွယ်၍ ကျန်တစ်ဖက်ဖြင့် အိုက်ကျားရှီ၏ ပုခုံးကို ထိန်းကိုင်ကာမင်းလမ်းမှ ထွက်လာခဲ့တော့သည်။
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romance" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "