Chapter - 5

3.1K 527 22
                                    

『Unicode』

အခန်း ( ၅ ) - ဖေရှု့​၏ အစီအစဉ်။

※※※※※※※※※※※※※※※※※※※※

Safe Houseသည် မြို့ အနောက်တောင်ပိုင်းရှိ အဆောက်အအုံနိမ့်တစ်ခုဖြစ်ကာ ဘန်ကောက်ဆိပ်ကမ်းနှင့်အလွန်နီး​၏။

ကျန်းကျွယ် ထွက်သွားချိန်​၏ အများစုမှာ ချန်ပေါ်ချောင်ဟာ Safe House​၏ ပြတင်းပေါက်ဘေးက လက်တင်ပါသောကုလားထိုင်မှာထိုင်၍ မှန်ပြတင်းအပြင်ဘက်တွင် တဖြည်းဖြည်းနစ်မြုပ်သွားသော ဝိုးတဝါး နေပုံရိပ်ကို ကြည့်နေလိုက်သည်; တခြားသော အချိန်အပိုင်းအခြားလေးတွင်တော့ သူဟာ ဖေရှု့နှင့်ဖုန်းပြောခဲ့သည်။

ဖေရှု့​၏ အဖေ ဖေရှောက်ယုံးသည် ကျောက်ဟွားစွမ်းအင်​၏ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများထဲမှ တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူဟာ လွန်ခဲ့သည့်နှစ်များမှ ကျောက်ဟွားစွမ်းအင်​၏ စီမံခန့်ခွဲရေးကနေ နှုတ်ထွက်လိုက်ပြီး မိန်းမကိုခေါ်ကာအာရှပြည်ထောင်စု​၏ မြောက်ပိုင်းရှိ လက်အောက်ခံနိုင်ငံသေးတစ်ခုတွင် အခြေချခဲ့သည်။

ဖေရှောက်ယုံးသည် ဥက္ကဋ္ဌ ချန်ကျောက်ယန်နှင့် အတွေးအခေါ်မတူပဲ အဖွဲ့မှ အတင်းအကျပ် ဖယ်ရှားခံရကာ အာဏာရုပ်သိမ်းခံခဲ့ရသည်ဟု ကောလာဟလများရှိခဲ့သော်လည်း ဒါက ကိစ္စမဟုတ်ပေ။

ဖေရှောက်ယုံးသည် ချန်မိသားစုမှ အာရှပြည်ထောင်စု မြောက်ပိုင်းတွင် မြှုပ်နှံထားသော မျိုးစေ့ဖြစ်​၏။ချန်ကျောက်ယန်တည်ထောင်ထားသော ကော်ပိုရေးရှင်းအင်ပါယာကြီးကို တိုးချဲ့ရန် အမြစ်တွယ်၍ အစို့ထွက်မည့်အချိန်ကောင်းကို စောင့်နေခဲ့တာပင်။

ချန်ပေါ်ချောင်သည် ကျန်းကျွယ် ဘယ်အချိန်မှာ တိရစ္ဆာန်ဆေးရုံမှ ပြန်လာမလဲ မသိနိုင်သောကြောင့် ဇာတ်ကြောင်းကို အတိုချုံ့၍ ဖေရှု့ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။

အတိမ်းအစောင်းမခံသည့်အခြေအနေ၌ သည်တစ်ကြိမ် ချန်ပေါ်ချောင်အား ကယ်ဆယ်လိုက်သည်မှာ ရုတ်တရက်ဆန်ကာမထင်မှတ်ထားစရာပေ။ ဖေရှု့ မပေါ့ဆရဲပဲ သူနှင့်အတူ မြောက်မြားစွာသောအတိုင်ပင်ခံပုဂ္ဂိုလ်တွေခေါ်ယူထားခဲ့​၏။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now