Chapter - 17

3K 507 15
                                    

『Unicode 』

အခန်း ( ၁၇ ) - စီးကရက်နံ့။

※※※※※※※※※※※※※※※※※※※※



မွန်းလွဲ ၁၂နာရီ၌ ဖေရှု့နှင့် သူ့အတိုင်ပင်ခံလူများ ဘန်ကောက်သို့ရောက်လာကြသည်။ သူတို့ဟာ မနားပဲ ဘန်ကောက်​၏အနောက်တောင်ပိုင်းရှိ ဗီလာဧရိယာကို မနားပဲ အပြေးသွားခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်များ၌ သူ့အဖေက သည်မှာ အိမ်ရာမြေကွက်တစ်ခု ဝယ်ယူခဲ့ပြီး သေချာထိန်းသိမ်းရန် လူတစ်ယောက်ငှားထားခဲ့သဖြင့် ယင်းက အမြဲတမ်းလစ်လပ်နေခဲ့​၏။ မူလတုန်းက ဒါကို သူ ဘယ်တုန်းကမှ နေခွင့်ရမည်မဟုတ်သောအိမ်ဟုမှတ်ထင်ခဲ့သော်ငြား ယခုမူ အလွန်အသုံးဝင်ခဲ့ချေပြီ။

ဤဘန်ကောက်ခရီး၌ ဖေရှု့သည် သိုသိုသိပ်သိပ်ဖြစ်ပြီး ပရောဂျက်များညှိနှိုင်းရန်နှင့် စျေးကွက်စစ်ဆေးရန်ဟူ၍အခိုင်အမာဆိုထားသည်။သူဟာ သူနှင့်အတူ ကိုယ်ပိုင်ဂျက်လေယာဉ်အပြည့် စုစုပေါင်း လူဆယ်ယောက်ကျော်လောက်ခေါ်ယူခဲ့သည်။

သူ အိမ်ရောက်သည်နှင့် ဖေရှု့မှာ ပထမဆုံး အိမ်လေး​၏ ဘက်ပေါင်းစုံကို အစောင့်အကြပ်တွေလွှတ်ပေးရသည်။ ပြီးမှ ချန်ပေါ်ချောင့်ကို ဆက်သွယ်ပြီး သူ့ကို တည်နေရာပို့ပေးရ​၏။

တစ်နာရီခန့်ကြာသော် လမ်းကြမ်းစ်ီးယာဉ်တစ်စီးက ဖေရှု့​၏ အိမ်တံခါးဝသို့ရောက်လာသည်။ ယာဉ်​၏ အရှေ့လေကာများသည် ဖောက်ထွင်းမမြင်ရငည့်အမျိုးအစားပင်။ ဗီလာ​၏ သံပန်းတံခါးတွင် တပ်ထားသော ပုံရိပ်ဖမ်းရောင်ခြည်စကင်နာကြောင့် ယာဉ်ထဲတွင် လူနှစ်ယောက်ပါမှန်း သိရ​၏။

လက်အောက်ငယ်သားက ဖေရှု့ကို သတင်းလာပို့သည်နှင့်တပြိုင်နက် ချန်ပေါ်ချောင်ကလဲ ဖုန်းခေါ်လာသည် : " တံခါးဖွင့်"

ဖေရှု့ကလဲ သူ့ငယ်သားတွေကို သံတံခါးဖွင့်ပေးရန် ပြောလိုက်သည်။ ပြီးလျှင် မဆင်းလာမှီ သူဟာ လက်အောက်ငယ်သား​၏ လက်ထဲက တက်ဘလက်ရှိ ပုံရိပ်ကို ငုံ့ကြည့်လိုက်သေးသည်။ ချန်ပေါ်ချောင်​၏ ခန္ဓာကိုယ်သွင်ပြင်နှင့်အကျင့်ကိုနားလည်ထားသည်နှင့်အမျှ ခရီးသည်ခုံမှာ ထိုင်နေတာကချန်ပေါ်ချောင် ဖြစ်ပြီး ကားမောင်းသူကတော့ ကျန်းကျွယ် ဖြစ်ပေလိမ့်မည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Tempat cerita menjadi hidup. Temukan sekarang