Chapter - 14

3.1K 521 35
                                    

『Unicode 』

အခန်း ( ၁၄ ) - ထူးဆန်းသောအိပ်ရာ။

※※※※※※※※※※※※※※※※※※※※



ကျန်းကျွယ် ချန်ပေါ်ချောင်ကို ကြည့်ရင်း အလွန်စိတ်တည်ငြိမ်သွားသလို ခံစားရ​၏။

ပုံမှန်ဆိုလျှင် သူ ယခု ဝမ်းနည်းရမှာပင်။ သို့ပေမယ့် ကျန်းကျွယ်ဟာ ချန်ပေါ်ချောင်​၏ စေ့စပ်ပွဲနှင့် လက်ထပ်ပွဲပုံစံမျိုးစုံကိုကြိမ်ဖန်များစွာ တွေးကြည့်ဖူး၍လည်းဖြစ်နိုင်သလို ၊ သူ့ကို ချန်ပေါ်ချောင် သဘောကျလာမည်ဟူသော လက်တွေ့မကျသည့် အိပ်မက်တွေ ဘယ်တုန်းကမှ မမက်ဖူး၍လည်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ချန်ပေါ်ချောင်က သူ သဘောကျသောသူကိုရှာပြီး ဆက်ဆံရေးတစ်ခု တည်ထောင်ချင်သည်ဟု ဆိုလာသောအခါ ကျန်းကျွယ်ကို မနာကျင်စေခဲ့ပေ။

မှန်ပါသည် ၊ ကျန်းကျွယ် ယခုထိတိုင် ချန်ပေါ်ချောင့်ကို သူချစ်ရသည့် တွဲဖက်အား အမြန်ရှာတွေ့ပါစေဟူသောဆုတောင်းစကားတော့ မဆိုနိုင်သေးပါ။ သူ တိတ်နေသော ချန်ပေါ်ချောင့်ကို ခဏကြည့်နေလိုက်ပြီးမှ ထရပ်ကာ မစိုမခြောက်ဆံပင်တွေကို လေမှုတ်ရန် ရေချိုးခန်းထဲ ဝင်လာလိုက်သည်။

ဆံပင်လေမှုတ်စက်ကို ပိတ်ပြီးနောက် ကျန်းကျွယ် အပြင်ဘက်မှ ထူးထူးဆန်းဆန်းအသံတွေကို ကြားလိုက်ရသည်။သူထွက်လာသောအခါ ချန်ပေါ်ချောင်က လိုက်ကာဘေးရှိ ထိုင်ခုံမှာထိုင်ပြီး ရမုဒ်ကွန်ထရိုးကိုကိုင်ကာ ဟိုတယ်​၏ လျှပ်စစ်အိပ်ရာကို စိတ်ဝင်တစား ဆော့ကစားနေ​၏။

ကျန်းကျွယ်ကို မြင်လျှင် ချန်ပေါ်ချောင်က လုံးဝနေရမခက်ပဲ မျှဝေလာသည် : " အခန်းထဲက အိပ်ရာက အကြွေစေ့ထည့်ရင် လှုပ်တယ်ဆိုတာ မင်း သိလား ? "

ကျန်းကျွယ် ချန်ပေါ်ချောင့်လက်ထဲက ကွန်ထရိုးကို ကုန်းကြည့်လိုက်သည်။ ရမုဒ်ကွန်ထရိုး၌ ခလုတ်တွေအများကြီးပါပြီးအညွှန်းကအကုန် ထိုင်းဘာသာတွေဖြစ်တာကြောင့် ကျန်းကျွယ်နားမလည်နိုင်ပေ။

" ဒါက ဘာလဲ ? "ကျန်းကျွယ် အနည်းငယ် သိချင်လာ၍ ချန်ပေါ်ချောင်​၏ လက်ကိုသုံးကာ ရမုဒ်ကွန်ထရိုး​၏ အလယ်ကတစ်ခုတည်းအရောင်ကွဲနေသော ခလုတ်ကို ဖိကြည့်လိုက်သည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now